ကနေဒါနိုင်ငံက အင်ဂျင်နီယာတွေဟာ မျက်နှာပြင်အတော်များများပေါ်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်တဲ့ ဖြန်းဆေးပုံစံ ဆိုလာဖလင်လွှာတစ်ခုကို တီထွင်လိုက်ပါတယ်။ အိမ်ခေါင်မိုးတွေကနေ ကားတွေ၊ အဆောက်အအုံရဲ့ နံရံတွေအထိ မျက်နှာပြင်အမျိုးမျိုးပေါ်မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

How to Clean Solar Panels: Your Guide to Solar Panel Cleaning | Sunrun

ဒီဖလင်လွှာကို ပေါ်လီမာအရည်ထဲမှာ ပရိုဗ်စကိုက် (perovskite) နာနိုအမှုန်လေးတွေ ထည့်သွင်းဖော်စပ်ထားတာဖြစ်ပြီး သာမန်စက်မှုလုပ်ငန်းသုံး ဖြန်းဆေးခေါင်းတွေနဲ့ အလွယ်တကူ ဖြန်းပြီး အသုံးပြုနိုင်ပါတယ်လို့ သိရပါတယ်။

Farewell to solar panels, the future is spray-on photovoltaics: your home's  walls will produce electricity

အဲဒီဆိုလာပြားတွေဟာ ပေါ့ပါးပြီး ကွေးညွှတ်နိုင်တဲ့အပြင် သမားရိုးကျ ဆီလီကွန်ပြားတွေထက် ထုတ်လုပ်မှုကုန်ကျစရိတ် ၈၅% အထိ သက်သာပါတယ်။ စွမ်းအင်ပြောင်းလဲပေးနိုင်စွမ်း (efficiency) က ၁၆% ရှိပြီး၊ လက်ရှိဈေးကွက်ထဲက ခေါင်မိုးပေါ်တင် ဆိုလာပြားတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အဆင့်မှာ ရှိနေပါပြီ။ သုတေသီတွေကတော့ ဒီထက်ပိုကောင်းတဲ့ ရလဒ်တွေရဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

သမားရိုးကျ ဆိုလာပြားတွေလိုမျိုး အလေးချိန်များတဲ့ တပ်ဆင်စရာဘောင်တွေ မလိုအပ်တာကြောင့် လက်ရှိအဆောက်အအုံတွေပေါ်မှာ အလွယ်တကူ ထပ်ပေါင်းတပ်ဆင်ဖို့ အထူးသင့်တော်ပါတယ်။ ဒီဖလင်လွှာဟာ ရေစိုခံပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိကာ သက်တမ်း ၁၅ နှစ်ကျော်အထိ အသုံးခံမယ်လို့ ခန့်မှန်းထားပါတယ်။

ကုန်လှောင်ရုံတွေရဲ့ ခေါင်မိုးတွေပေါ်မှာ လက်တွေ့စမ်းသပ်မှုတွေအရ အဆောက်အအုံတစ်ခုလုံးရဲ့ လျှပ်စစ်လိုအပ်ချက် ၆၀% အထိကို ဖြည့်ဆည်းပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အလင်းရောင်နည်းတဲ့အချိန်တွေဖြစ်တဲ့ မနက်စောစောနဲ့ ညနေခင်းတွေမှာပါ စွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့အတွက် အချိန်ပိုကြာကြာ လျှပ်စစ်ရရှိစေမှာ ဖြစ်ပါတယ်။

ဒီနည်းပညာကိုသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ခဲ့ရင် သမားရိုးကျဆိုလာပြားတွေ တပ်ဆင်ဖို့ ခက်ခဲတဲ့ ဒါမှမဟုတ် ကုန်ကျစရိတ်အရမ်းများတဲ့ နေရာတွေမှာတောင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို အရှိန်အဟုန်နဲ့ တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Ref : Mind Orbit