ဟောင်ကောင်မှာ ဒီနှစ်အတွင်း ပြည်ပကနေ ပျံ့နှံ့လာတဲ့ Chikungunya ဗိုင်းရပ်စ် ကူးစက်မှု ၉ ခု တွေ့ရှိခဲ့ပြီးနောက်မှာ အဲဒီဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် ပိုးသတ်ဆေးဖျန်းစက်တွေ တပ်ဆင်ထားတဲ့ စက်ရုပ်ခွေးတွေကို လာမယ့်လကစပြီး အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Mosquito-killing robot dogs to fight Chikungunya virus in Hong Kong

အဲဒီခြေလေးချောင်းထောက် စက်ရုပ်တွေက တောင်စောင်းတွေလို လူသွားရခက်ခဲတဲ့ နေရာတွေက ခြင်ပေါက်ပွားတဲ့ နေရာတွေကို ပစ်မှတ်ထား ဆောင်ရွက်မှာဖြစ်ပြီး ရာသီဥတုပူပြင်းချိန်မှာ ရှေ့တန်းလုပ်သားတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

အိမ်နီးချင်း Guangdong ပြည်နယ်မှာ ဇွန်လကစပြီး Chikungunya ကူးစက်မှု ၇,၀၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

Boston Dynamics' Spot: The Design Behind the Robot Dog | IoT World Today

အဲဒီစက်ရုပ်တွေမှာ ရေဝပ်နေတဲ့ နေရာတွေကို ရှာဖွေထောက်လှမ်းတာနဲ့ ခြင်ပေါက်ပွားတဲ့နေရာတွေကို မြေပုံရေးဆွဲတာတွေ လုပ်ဆောင်နိုင်ဖို့ AI, ကင်မရာတွေ နဲ့ sensor တွေကို ပေါင်းစပ်ထည့်သွင်းနိုင်ခြေ ရှိပါတယ်။

ဒါ့အပြင် ဟောင်ကောင်ဟာ စင်ကာပူနိုင်ငံမှာ အောင်မြင်စွာ အသုံးပြုခဲ့တဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားတဲ့ ဘက်တီးရီးယားထည့်သွင်းတဲ့ နည်းလမ်းတွေကိုလည်း လေ့လာနေပြီး လာမယ့်နှစ်မှာ စမ်းသပ်မှုတွေပြုလုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။

Ref : Fossbytes