သမားရိုးကျ နေစွမ်းအင်သုံး ဆိုလာပြားတွေဟာ သစ်တောတွေရဲ့ ၂ ရာခိုင်နှုန်းမှာပဲ တပ်ဆင်နိုင်ပေမယ့် သစ်ပင်ပုံစံ ဆိုလာပြားတွေကတော့ သစ်တောဖုံးလွှမ်းမှုရဲ့ ၉၉ ရာခိုင်နှုန်းကို မပျက်စီးစေဘဲ သမားရိုးကျ ဆိုလာ Farm တွေနဲ့ တန်းတူ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တယ်လို့ ကိုရီးယားသုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဆိုလာသစ်ပင်တွေကို သစ်တောတွေထဲမှာ မီတာ ၂၀ ခြားပြီး ဒေါင်လိုက်တပ်ဆင်ထားတာကြောင့် အပေါ်ပိုင်းမှာ လျှပ်စစ်ထုတ်လုပ်နေချိန်မှာ အောက်ခြေက အပင်ငယ်တွေဆီကို နေရောင်ခြည် ကျရောက်စေနိုင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဆိုလာစွမ်းအင်နဲ့ပတ်သက်တဲ့ သစ်တောပြုန်းတီးမှုဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်ကြားမှာ လေးဆအထိ မြင့်တက်ခဲ့တာကြောင့် ဒီနည်းပညာဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိဘဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။
ဒီဒေါင်လိုက်ဒီဇိုင်းဟာ မြို့ပြတွေမှာ လူသွားလမ်းတွေအတွက် အရိပ်ရစေတာ၊ EV ကားအားသွင်းစခန်းတွေ ထားရှိနိုင်တာနဲ့ အပူဒဏ်ပြင်းထန်တဲ့နေရာတွေမှာ အေးမြစေတဲ့ အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ တပ်ဆင်စရိတ် မြင့်မားနေတာကတော့ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲပါပဲ။
Ref : Fossbytes