DoorDash နဲ့ Uber Eats တို့လို ဝန်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်ပြီး ပို့ဆောင်ခ ၃ ဒေါ်လာတည်းနဲ့ အိမ်တိုင်ရာရောက် အစားအသောက်တွေ ပို့ဆောင်ပေးမယ့် မောင်းသူမဲ့ ကုန်စုံဆိုင် Robomart RM5 ထွက်ရှိလာပါတယ်။

This new delivery robot will bring the entire grocery store to you | The Verge

shuttle ဘတ်စ်ကားအရွယ်ရှိတဲ့ ဒီလျှပ်စစ်ကားဟာ အပူချိန်ထိန်းချုပ်ထားတဲ့ အခန်း ၁၀ ခုထဲမှာ အစားအစာတွေကို ထည့်သွင်းထားပါတယ်။ ပေါင် ၅၀၀ အထိ သယ်ဆောင်နိုင်ပြီး တစ်ခေါက်တည်းနဲ့ အိမ်အများအပြားကို ပို့ဆောင်ပေးနိုင်တာကြောင့် လတ်ဆတ်တဲ့ ဟင်းချက်စရာတွေကိုရရှိမှာ ဖြစ်ပါတယ်။

This new delivery robot will bring the entire grocery store to you | The Verge

သုံးစွဲသူတွေက app ကနေတစ်ဆင့် မှာယူလိုက်တာနဲ့ RM5 က မိတ်ဖက်လက်လီဆိုင်တွေကနေ ပစ္စည်းတွေကို သွားယူပြီး လိုက်လံပို့ဆောင်ပေးမှာပါ။ တစ်နာရီကို ၂၅ မိုင် အမြန်နှုန်းအထိ မောင်းနှင်နိုင်ပြီး တစ်ခါအားသွင်းထားရင် ၁၁၂ မိုင်အထိ သွားနိုင်တာကြောင့် မြို့တွင်းမှာ ဘေးကင်းပြီး ထိရောက်စွာ သွားလာနိုင်ဖို့ တည်ဆောက်ထားပါတယ်။

ဒီ RM5 ကို ၂၀၂၅ ခုနှစ် နှောင်းပိုင်းမှာ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ စတင်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ ဒါဟာ ရွေ့လျားစူပါမားကတ် ဖြစ်ပြီး အိမ်ရှေ့တံခါးဝအထိ ဟင်းချက်စရာတွေကို ပို့ဆောင်ပေးမှာပါ။

Ref : Technology Innovation