၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ တရုတ် EV ကုမ္ပဏီ Xpeng ရဲ့ လက်အောက်ခံ Xpeng AeroHT က ထုတ်လုပ်ထားတဲ့ လျှပ်စစ် ကားပျံနှစ်စီးဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက Changchun လေကြောင်းပြပွဲအတွက် လေ့ကျင့်နေစဉ် လေထဲမှာ တိုက်မိခဲ့ပါတယ်။
eVTOL လေယာဉ်တွေက အုပ်စုလိုက် ပျံသန်းမှု လေ့ကျင့်နေစဉ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ အဆိုအရ “လုံလောက်တဲ့ ခွာခြားအကွာအဝေး မရှိတာကြောင့်” ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ လေယာဉ်တစ်စီးက ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပေမဲ့ နောက်တစ်စီးကတော့ ကိုယ်ထည်ပိုင်း ပျက်စီးပြီး ပျက်ကျမီးလောင်ခဲ့ပါတယ်။
လေယာဉ်မှူးတစ်ဦး ဒဏ်ရာရရှိခဲ့ပေမဲ့ သူ့ရဲ့အခြေအနေက တည်ငြိမ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက နေရာကို အမြန်ဆုံး ထိန်းချုပ်ခဲ့တဲ့အတွက် တခြားထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သတင်းရရှိပါတယ်။
ဒါဟာ eVTOL တွေ ပထမဆုံးအကြိမ် လူသိရှင်ကြား လေထဲမှာ တိုက်မိမှုဖြစ်ပြီး တရုတ်နိုင်ငံရဲ့ လျင်မြန်စွာ ကြီးထွားလာနေတဲ့ ပျံသန်းတဲ့ တက္ကစီတွေ၊ ဒရုန်းတွေရဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။
အဲဒီဖြစ်ရပ် ဖြစ်ပွားခဲ့ပေမဲ့ Changchun လေကြောင်းပြပွဲကိုတော့ စီစဉ်ထားတဲ့အတိုင်း စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
Ref : Technology Innovation