Snapdragon 8 Elite Gen 5 ကို ပထမဆုံး တပ်ဆင်အသုံးပြုထားတဲ့ Xiaomi 17 ဖုန်း ထွက်ရှိလာခဲ့ပြီး အရင်မျိုးဆက်ထက် တော်တော် ပိုမိုက်လာတဲ့ Specs တွေပါလာပါတယ်။
အဓိက အစိတ်အပိုင်းက 7,000mAh Si/C ဘက်ထရီအသစ်ဖြစ်ပြီး 100W ကြိုးတပ်အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် Xiaomi 17 ဟာ 50W ကြိုးမဲ့အားသွင်းစနစ်နဲ့ တခြားဖုန်းတွေကို ပြန်လည်အားသွင်းပေးနိုင်တဲ့ 22.5W reverse wireless charging ကိုလည်း ထည့်ပေးထားပါတယ်။
ဖုန်းရဲ့ရှေ့ဘက်မှာ ၆.၃ လက်မ M10 LTPO OLED မျက်နှာပြင်ကို တပ်ဆင်ထားပြီး 1,220 x 2,656 px resolution နဲ့ 1-120Hz refresh rate ကို အလိုအလျောက် ပြောင်းလဲပေးနိုင်တဲ့စနစ် ပါဝင်ပါတယ်။ Peak Brightness က 3,500 nits အထိရှိပြီး Xiaomi Dragon Crystal Glass နဲ့ ကာကွယ်ပေးထားပါတယ်။ Xiaomi ဟာ ဘေးဘောင် (bezels) တွေကိုလည်း လေးဘက်လုံးမှာ 1.18mm သာရှိအောင် ပါးလွှာအောင်လုပ်ထားပြီး ultrasonic လက်ဗွေရာစနစ်လည်း ပါဝင်ပါတယ်။
ဒီဖုန်းမှာ ပြားချပ်တဲ့ အလူမီနီယမ်ဘေးဘောင်ကို သုံးထားပြီး ရေနဲ့ဖုန်ဒဏ်ခံနိုင်တဲ့ IP68 အဆင့် သတ်မှတ်ချက်လည်း ပါဝင်ပါတယ်။ ကျောဘက်မှာတော့ အရင်နှစ်ကလိုပဲ ကင်မရာသုံးလုံးတပ်ဆင်ထားပါတယ်။ အဲဒါတွေကတော့ 17mm 50MP ultrawide ကင်မရာ၊ 1/1.31” Light Hunter 950 sensor ကို အသုံးပြုထားတဲ့ 23mm 50MP အဓိကကင်မရာနဲ့ 2.6x optical zoom ပါဝင်တဲ့ 60mm 50MP telephoto ကင်မရာတို့ ဖြစ်ပါတယ်။ Selfie ကင်မရာကိုတော့ 50MP အထိ အဆင့်မြှင့်တင်ထားပါတယ်။
Snapdragon 8 Elite Gen 5 chipset နဲ့အတူ အပူချိန်ထိန်းညှိပေးမယ့် 4,497mm² vapor chamber၊ 12GB/16GB RAM နဲ့ 256GB/512GB storage တို့ကို တွဲဖက်ပေးထားပါတယ်။ ဖုန်းမှာ HyperOS 3 ကို ထည့်သွင်းပေးထားပြီး အနက်၊ အဖြူ၊ အပြာနဲ့ ပန်းရောင်ဆိုပြီး အရောင်တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ အခြေခံမော်ဒယ် 12/256GB အမျိုးအစားကို ယွမ် ၄,၄၉၉ (ဒေါ်လာ ၆၃၀ ခန့်) နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ အလယ်အလတ်တန်း 12/512GB အမျိုးအစားကို ယွမ် ၄,၇၉၉ (ဒေါ်လာ ၆၇၂ ခန့်) နဲ့ အမြင့်ဆုံး 16/512GB မော်ဒယ်ကိုတော့ ယွမ် ၄,၉၉၉ (ဒေါ်လာ ၇၀၀ ခန့်) နဲ့ ရောင်းချသွားမှာပါ။ တရုတ်နိုင်ငံမှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
Ref : gsmarena