Xiaomi က သူ့ရဲ့ နောက်ဆုံးပေါ် flagship စမတ်ဖုန်းမျိုးဆက်သစ်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ နောက်ဆုံးထွက် ပရီမီယံဖုန်းစီးရီးမှာ Xiaomi 17, Xiaomi 17 Pro နဲ့ Xiaomi 17 Pro Max တို့ ပါဝင်ပါတယ်။ ကုမ္ပဏီက ကြေညာပြီးမကြာခင်မှာပဲ Xiaomi 17 series ကို  တရုတ်နိုင်ငံမှာ စတင်ရောင်းချခဲ့ပြီး အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။

Xiaomi 17 Series Sales Record

Xiaomi က သူ့ရဲ့  Weibo မှာ အဲဒီဖုန်းတွေရဲ့ ရောင်းအားကို မျှဝေခဲ့ပါတယ်။ သူတို့ထုတ်ပြန်တဲ့ poster အရ Xiaomi 17, Xiaomi 17 Pro နဲ့ Xiaomi 17 Pro Max တို့ဟာ flagship စမတ်ဖုန်းတွေအတွက် ရောင်းအားစံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ထူးခြားတာက အဲဒီစံချိန်သစ်ကို ဖုန်းသုံးမျိုးလုံး စတင်ရောင်းချပြီး ၅ မိနစ်အတွင်းမှာပဲ တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Next-gen is now as first Snapdragon 8 Elite Gen 5 phones launch

လက်ရှိအချိန်အထိတော့ ကုမ္ပဏီက ရောင်းချခဲ့တဲ့ အရေအတွက်အတိအကျကို မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် အခုလို မြင့်မားတဲ့ ကနဦးရောင်းအားက Xiaomi 17 series ကို ကုမ္ပဏီရဲ့ အရောင်းရဆုံး flagship စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။

မနှစ်က Xiaomi 15 series မှာ အစပိုင်းတုန်းက Xiaomi 15 နဲ့ Xiaomi 15 Pro ဆိုပြီး မော်ဒယ်နှစ်မျိုးပဲ ထွက်ရှိခဲ့ပါတယ်။ Xiaomi 15 Ultra ကိုတော့ လအနည်းငယ်အကြာမှာ အခြေခံမော်ဒယ်နဲ့အတူ ကမ္ဘာ့ဈေးကွက်မှာ မိတ်ဆက်ခဲ့တာပါ။ ဒါကြောင့် Xiaomi 17 Series အခုလို ရောင်းအားမြင့်တက်လာတာဟာ တတိယမော်ဒယ် ပါဝင်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Ref: gizmochina