San Francisco မြို့နားက San Bruno မှာ ယာဉ်ထိန်းရဲအရာရှိတွေက ကင်းလှည့်နေတုန်း ကားတစ်စီးက တားမြစ်ထားတဲ့ ဂငယ်ကွေ့ တစ်ခုကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကားရဲ့ ယာဉ်မောင်းက မူးနေတာမဟုတ်ဘဲ ယာဉ်မောင်းလုံးဝမပါတဲ့ Waymo ကုမ္ပဏီရဲ့ driverless taxi တစ်စီး ဖြစ်နေခဲ့ပါတယ်။ ရဲတွေက ကားကိုတားလိုက်တဲ့အခါ ကားက အလိုအလျောက်ရပ်တန့်ပေးခဲ့ပေမယ့် အထဲမှာ ယာဉ်မောင်းမရှိတာကြောင့် ဘယ်သူ့ကိုမှ ဒဏ်ကြေးလက်မှတ်ရေးပေးလို့မရခဲ့ပါဘူး။

Driverless car avoids ticket for illegal U-turn | Express.co.uk

ဒီဖြစ်ရပ်က California ပြည်နယ်မှာ မောင်းသူမဲ့ယာဉ်(autonomous vehicles) တွေ ယာဉ်စည်းကမ်းချိုးဖောက်ရင် ဘယ်လိုအရေးယူရမလဲဆိုတဲ့ ဥပဒေဆိုင်ရာဟာကွက်ကို မီးမောင်းထိုးပြလိုက်သလို ဖြစ်ခဲ့ပါတယ်။ ပြည်နယ်အစိုးရက မောင်းသူမဲ့ကားတွေ ယာဉ်စည်းကမ်းဖောက်ဖျက်ရင် ရဲတွေက “စည်းကမ်းမလိုက်နာမှုဆိုင်ရာ အသိပေးစာ” ထုတ်ပြန်နိုင်တဲ့ ဥပဒေတစ်ခုကို လက်မှတ်ရေးထိုးထားပေမယ့် အဲဒီဥပဒေက ၂၀၂၆ ခုနှစ်မှာမှ စတင်အသက်ဝင်မှာဖြစ်ပြီး ဘယ်လိုပြစ်ဒဏ်တွေ ချမှတ်ရမယ်ဆိုတာကိုလည်း တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။

Police in Northern California stop driverless Waymo taxi after illegal U- turn | AP News

လက်ရှိအခြေအနေမှာတော့ ရဲအရာရှိတွေက Waymo ကားမှာပါဝင်တဲ့ ဆက်သွယ်ရေးစနစ်ကိုသုံးပြီး ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးကို အဖြစ်အပျက်ကို အကြောင်းကြားခဲ့ရုံသာ တတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့က ကားကို ဘာအရေးယူမှုမှမလုပ်ဘဲ ထားခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Waymo ကုမ္ပဏီက သူတို့ရဲ့စနစ်က ယာဉ်စည်းကမ်းတွေကို လေးစားလိုက်နာအောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ဒီဖြစ်ရပ်ကို ပြန်လည်သုံးသပ်ကာ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

California ရဲ့ အခြေအနေက ရှုပ်ထွေးနေဆဲဖြစ်ပေမယ့် Arizona လို တခြားပြည်နယ်မှာတော့ မောင်းသူမဲ့ကားတွေကို လူသားယာဉ်မောင်းတွေလိုပဲ တိုက်ရိုက်ဒဏ်ကြေးရိုက်နိုင်တဲ့ ဥပဒေရှိနှင့်ပြီးသား ဖြစ်ပါတယ်။

Ref : The New York Times