Wired ရဲ့ ဖော်ပြချက်အရ OpenAI ဟာ သူတို့ရဲ့ အဆင့်မြှင့်တင်ထားတဲ့ video generator ဖြစ်တဲ့ Sora 2 အတွက် TikTok စတိုင် သီးသန့် app တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

OpenAI launches Sora app for AI video creation with TikTok-style features

တခြား platform တွေနဲ့မတူဘဲ အဲဒီ app ရဲ့ feed မှာ AI နဲ့ဖန်တီးထားတဲ့ ၁၀ စက္ကန့်စာ clip တွေကိုပဲ ပြသမှာပါ။ အသုံးပြုသူတွေဟာ like လုပ်တာ၊ remix လုပ်တာ ဒါမှမဟုတ် comment ပေးတာတွေ ပြုလုပ်နိုင်ပေမယ့် တည်းဖြတ်မထားတဲ့ တကယ့် video footage တွေကိုတော့ upload လုပ်နိုင်မှာ မဟုတ်ပါဘူး။

OpenAI unveils Sora 2 and new TikTok-style app for

အငြင်းပွားဖွယ်ရာ feature တစ်ခုအနေနဲ့ အတည်ပြုထားတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ရုပ်ပုံတွေကို တခြားသူတွေရဲ့ video တွေမှာ ပေါ်လာအောင် ခွင့်ပြုမှာဖြစ်ပြီး ဒါက deepfake နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကို မြင့်တက်စေပါတယ်။

Content filter တွေက မဖွယ်မရာပုံတွေ၊ လိင်ပိုင်းဆိုင်ရာ media တွေနဲ့ မူပိုင်ခွင့်ချိုးဖောက်မှုတွေကို ပိတ်ပင်သွားမယ်လို့ OpenAI က အခိုင်အမာဆိုပေမယ့် ဝေဖန်သူတွေကတော့ စိတ်ချရပါ့မလားဆိုတာ မေးခွန်းထုတ်နေကြပါတယ်။

အဲဒီ concept ဟာ ထူးခြားပြီး AI Video တွေကို ဖန်တီးရတာ နှစ်သက်သူတွေအတွက် လူမှုကွန်ရက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

Ref : Fossbytes