HyperOS 3 ဟာ Xiaomi device တွေအတွက် အဓိက upgrade ကြီးတစ်ခုဖြစ်ပြီး Xiaomi HyperIsland ပါဝင်တဲ့ UI ဒီဇိုင်းအသစ်၊ ပိုများလာတဲ့ AI feature တွေနဲ့ အထူးသဖြင့် Apple device တွေနဲ့ပါ ပိုမိုချိတ်ဆက်အသုံးပြုနိုင်တဲ့ cross-device integration တွေကို ယူဆောင်လာပါတယ်။ ဒါ့အပြင် software ရဲ့ ချောမွေ့မှု၊ စွမ်းဆောင်ရည်နဲ့ ဘက်ထရီသက်တမ်း ပိုကောင်းမွန်လာစေဖို့အတွက်  တိုးတက်မှုတွေ ဒါဇင်နဲ့ချီပြီး ပါဝင်လာပါတယ်။

Xiaomi HyperOS 3 Dynamic Island is Here - Next Level Features 🔥

Android 16 ကိုအခြေခံထားတဲ့ ဒီ update ဟာ တရုတ်နိုင်ငံမှာ စတင်ထုတ်ပေးနေပြီဖြစ်ပြီး မကြာခင်မှာ ကမ္ဘာ့နိုင်ငံတွေအတွက်လည်း စတင်ရရှိတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Xiaomi device အားလုံးအတွက်တော့ ဒီ update က ရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် HyperOS 3 upgrade ရရှိနိုင်မယ့် ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ တခြား Xiaomi device တွေရဲ့ စာရင်းကို ပြုစုပေးလိုက်ပါတယ်။ သင့်ရဲ့ device က အဲဒီ update ကို ရမယ့်ကံကောင်းသူတွေထဲမှာ ပါ၊ မပါ ဆိုတာကို အောက်ကစာရင်းမှာ ကြည့်ရှုနိုင်ပါတယ်။

HyperOS 3.0 Gains Momentum: Xiaomi Adds More Devices to the List

Xiaomi HyperOS 3 update ရရှိမယ့် device တွေရဲ့ စာရင်း

[စမတ်ဖုန်းများ]

✅ Xiaomi 15, 15 Ultra

✅ Xiaomi 15T, 15T Pro

✅ Xiaomi 14, 14 Ultra

✅ Xiaomi 14T, 14T Pro

✅ Xiaomi 13, 13 Lite, 13 Pro, 13 Ultra

✅ Xiaomi 13T, 13T Pro

✅ Xiaomi 12, 12 Pro

✅ Xiaomi 12T Pro

✅ Xiaomi MIX Flip

✅ Redmi Note 14, Note 14 5G, Note 14 Pro, Note 14 Pro 5G, Note 14 Pro+ 5G

✅ Redmi Note 14S

✅ Redmi Note 13 5G, Note 13 Pro, Note 13 Pro 5G, Note 13 Pro+ 5G

✅ Redmi 15, 15 5G, 15C, 15C 5G

✅ Redmi 14C

✅ Redmi 13, 13X

✅ Poco F7, F7 Pro, F7 Ultra

✅ Poco F6, F6 Pro

✅ Poco F5, F5 Pro

✅ Poco X7, X7 Pro, X7 Pro (Iron Man Edition)

✅ Poco X6, X6 Pro

✅ Poco M7, M7 Pro 5G

✅ Poco M6, M6 Pro

✅ Poco C85, C75

 

[တက်ဘလက်များ]

✅ Xiaomi Pad 7, Pad 7 Pro

✅ Xiaomi Pad 6S Pro 12.4

✅ Xiaomi Pad Pro, Pad Pro 5G, Pad Mini

✅ Redmi Pad SE 8.7, Pad SE 8.7 4G

✅ Redmi Pad 2, Pad 2 4G, Pad 2 Pro, Pad 2 Pro 5G

✅ Poco Pad

 

[Wearables]

✅ Xiaomi Watch S4 41mm

✅ Xiaomi Smart Band 10 Glimmer Edition

✅ Xiaomi Smart Band 10 Ceramic Edition

✅ Xiaomi Smart Band 10

Xiaomi ဟာ HyperOS 3 ကို ဒီလကုန်ပိုင်းမှာ high-end Xiaomi 15 series ကနေစပြီး ထုတ်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ လာမယ့်လမှာတော့ Redmi Note 14 series, Poco F7 series, Poco X7 series နဲ့ Xiaomi Pad 7 series တွေကို အလျင်အမြန် ဆက်လက်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

update ရရှိမယ့် device အများစုကို ဒီဇင်ဘာလမှာ အပြီး rollout လုပ်သွားမှာဖြစ်ပြီး ကျန်ရှိနေတဲ့ device တွေကတော့ လာမယ့်နှစ်အစောပိုင်းမှာ HyperOS 3 update ကို ရရှိမှာဖြစ်ပါတယ်။

ref : Gizmochina