Tesla Cybertruck ကားရဲ့ တံခါးတွေ ချို့ယွင်းပြီး အတွင်းမှာ ပိတ်မိခဲ့တာကြောင့် ကျောင်းသား ၂ ဦး အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်နေ့က ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသမှာ အသက် ၁၉ နှစ်အရွယ် Soren Dixon မောင်းနှင်လာတဲ့ Cybertruck တစ်စီးဟာ အရှိန်ပြင်းပြင်းနဲ့ နံရံနဲ့ သစ်ပင်ကို ဝင်တိုက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ အဲဒီ မတော်တဆမှုအတွင်း ကားပေါ်မှာ လိုက်ပါလာတဲ့ အသက် ၁၉ နှစ်အရွယ် Krysta Tsukahara နဲ့ အသက် ၂၀ အရွယ် Jack Nelson တို့ အပါအဝင် ကောလိပ်ကျောင်းသား ၃ ဦး သေဆုံးခဲ့ပြီး စတုတ္ထမြောက် ခရီးသည်တစ်ဦးကတော့ အပြင်ကလူတစ်ဦးက ကားမှန်ကို သစ်ကိုင်းနဲ့ ရိုက်ခွဲခဲ့လို့ လွတ်မြောက်ခဲ့ပါတယ်။

Student ‘burned alive’ after Tesla Cybertruck doors ‘malfunctioned and trapped her inside’

Tsukahara နဲ့ Nelson တို့ရဲ့ မိသားစုတွေက အီလွန်မတ်စ်ရဲ့ ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲဒီလျှပ်စစ်ကားရဲ့ တံခါးဒီဇိုင်းကြောင့် သူတို့ရဲ့ ကလေးတွေ သေဆုံးတာဆိုပြီး Tesla ကုမ္ပဏီကို အောက်တိုဘာ ၂ ရက်နေ့က တရားစွဲဆိုခဲ့ကြပါတယ်။ တရားစွဲဆိုချက်တွေအရ ကားတိုက်မှုဖြစ်ပြီးနောက် ကားရဲ့ ပါဝါစနစ် ပြတ်တောက်သွားတဲ့အတွက် အီလက်ထရွန်နစ် တံခါးဖွင့်စနစ်က အလုပ်မလုပ်တော့ဘဲ ကျောင်းသားတွေဟာ ကားထဲကနေ ထွက်မရ ဖြစ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ သူတို့ဟာ ကားတိုက်မှုကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေက မပြင်းထန်ခဲ့ပေမယ့် မီးလောင်နေတဲ့ ကားထဲကနေ မထွက်နိုင်ဘဲ မီးလောင်ဒဏ်ရာတွေနဲ့ မီးခိုးမွှန်တာတွေကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

Krysta Tsukahara and Jack Nelson's families are suing Tesla (Family Handout)

ကျောင်းသားတွေဟာ ကားထဲမှာ ပိတ်မိနေချိန်မှာ manual နဲ့ ဖွင့်ရမယ့် တံခါးလော့ခ်နေရာကို ရှာဖွေဖို့ အလွန်ခက်ခဲခဲ့တယ်လို့လည်း တရားစွဲဆိုမှုမှာ ထည့်သွင်းထားပါတယ်။ Tsukahara ရဲ့ မိသားစုရှေ့နေဖြစ်တဲ့ Roger Dreyer က “ဒါဟာ တကယ့်ကို ထိတ်လန့်စရာပါ။ ဒီလိုဖြစ်နိုင်တာကို Tesla က သိထားပြီးဖြစ်ပေမယ့် ဘာမှမလုပ်ဘဲ လူတွေကို ထောင်ချောက်မိစေတဲ့ စနစ်ပါတဲ့ကားကို ဆက်ရောင်းနေတာပါ” လို့ ပြောပါတယ်။

Ref : ladbible