ဖလော်ရီဒါပြည်နယ်၊ DeLand မြို့က အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးဟာ ကျောင်းကွန်ပျူတာကိုသုံးပြီး ChatGPT မှာ “အတန်းထဲက ကျွန်တော့်သူငယ်ချင်းကို ဘယ်လိုသတ်ရမလဲ” လို့ မေးတဲ့အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။

13-Year-Old Arrested for Asking ChatGPT About Killing a Classmate on a School Computer

အဲဒီစာကို ကျောင်းသုံးပစ္စည်းတွေကို စောင့်ကြည့်တဲ့ AI စနစ်ဖြစ်တဲ့ Gaggle ကနေ သိရှိခဲ့တာပါ။ အဲဒီစနစ်ကနေ ကျောင်းအာဏာပိုင်တွေနဲ့ Volusia County Sheriff ရဲတပ်ဖွဲ့ကို အချက်ပေးခဲ့တဲ့အတွက် အဲဒီကျောင်းသားကို ချက်ချင်းဖမ်းဆီးပြီး ကလေးထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့ပါတယ်။ အဲဒီကျောင်းသားလေးက သူ့သူငယ်ချင်းကို “နောက်ပြောင်နေတာပါ” လို့ ပြောခဲ့ပေမယ့် အာဏာပိုင်တွေကတော့ ဒါကို တကယ့်ခြိမ်းခြောက်မှုတစ်ခုအဖြစ် သဘောထားခဲ့ပါတယ်။

ChatGPT: Here's What You Get With the Gen AI Tool That Started It All - CNET

ဖမ်းဆီးမှုဖြစ်ပြီးနောက်မှာ ကျောင်းသားရဲ့မိဘတွေက OpenAI ကုမ္ပဏီကို တရားစွဲဆိုခဲ့ပါတယ်။ သူတို့က ChatGPT ဟာ အန္တရာယ်ရှိတဲ့ မေးခွန်းကို ဖြေပေးမယ့်အစား သူတို့ရဲ့သားကို စိတ်ကျန်းမာရေး အကူအညီရယူဖို့ ညွှန်ပြပေးခဲ့သင့်တယ်လို့ ဆိုပါတယ်။ သူတို့သားဟာ အစပိုင်းမှာ AI ကို ကျောင်းစာနဲ့ ဝါသနာအတွက် သုံးခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ AI နဲ့ ပြောဆိုမှုတွေက ပိုပြီး အဆိုးဘက်ကို ဦးတည်လာခဲ့တယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။ အခုဖြစ်ရပ်ကြောင့် AI ဘေးကင်းလုံခြုံရေး စည်းမျဉ်းတွေ၊ ကျောင်းသားတွေရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ကျောင်းတွေမှာ စောင့်ကြည့်ရေးဆော့ဖ်ဝဲလ်တွေ သုံးစွဲမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

Ref : Technology Innovation