Kubota ကုမ္ပဏီက ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ကျင်းပနေတဲ့ World Expo 2025 မှာ ဟိုက်ဒရိုဂျင်လောင်စာသုံးပြီး ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ လယ်ထွန်စက်တစ်စီးကို ထုတ်ဖော်ပြသလိုက်ပါတယ်။
မြင်းကောင်ရေအား ၁၀၀ ရှိတဲ့ အဲဒီလယ်ထွန်စက်ဟာ ဟိုက်ဒရိုဂျင်လောင်စာစနစ်နဲ့ မောင်းနှင်တာဖြစ်ပြီး အခိုးအငွေ့ လုံးဝမထွက်တဲ့အပြင် အသံတိတ်ဆိတ်ပြီး လုပ်ငန်းဆောင်ရွက်ရာမှာလည်း ထိရောက်မှုရှိပါတယ်။
ဂျပန်နိုင်ငံရဲ့ သက်ကြီးပိုင်းလယ်ယာလုပ်သားတွေ များပြားလာတာနဲ့ လုပ်သားရှားပါးမှု ပြဿနာတွေကို ဖြေရှင်းဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး၊ အဲဒီလယ်ထွန်စက်မှာ AI နည်းပညာသုံး ကိုယ်တိုင်မောင်းနှင်မှုစနစ်နဲ့ ရေရှည်တည်တံ့တဲ့ စွမ်းအင်ကို ပေါင်းစပ်ထားပါတယ်။
အရှည် ၄.၃၈ မီတာ၊ အကျယ် ၂.၂ မီတာ နဲ့ အမြင့် ၂.၂၉ မီတာ ရှိတဲ့ အဲဒီလယ်ထွန်စက်မှာ ယာဉ်မောင်းထိုင်ခုံမပါဝင်ဘဲ အဝေးထိန်းစနစ်နဲ့ဖြစ်စေ၊ သူ့အလိုလို ကိုယ်တိုင်မောင်းနှင်တဲ့စနစ်နဲ့ဖြစ်စေ လည်ပတ်နိုင်ပါတယ်။
စက်ထဲမှာ တပ်ဆင်ထားတဲ့ AI က ကင်မရာတွေနဲ့ အာရုံခံကိရိယာတွေကိုသုံးပြီး လူတွေ ဒါမှမဟုတ် အတားအဆီးတွေကို ရှာဖွေသိရှိနိုင်ကာ ဘေးကင်းလုံခြုံရေးအတွက် အလိုအလျောက် ရပ်တန့်ပေးပါတယ်။
အဲဒီလယ်ထွန်စက်က ဖိသိပ်ထားတဲ့ ဟိုက်ဒရိုဂျင်ကို အသုံးပြုပြီး solid polymer လောင်စာကို စွမ်းအင်ပေးတာဖြစ်ကာ စွန့်ထုတ်တဲ့အရာက ရေတစ်ခုတည်းပဲ ဖြစ်ပါတယ်။
Ref : Technology Innovation