၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှာ တရုတ်နိုင်ငံ၊ Chengdu မြို့က အသက် ၃၁ နှစ်အရွယ် ယာဉ်မောင်းတစ်ဦးဟာ သူ့ရဲ့ Xiaomi SU7 လျှပ်စစ်ကားကို လမ်းဘေးအတားအဆီးနဲ့ ဝင်တိုက်မိပြီးနောက် ‌ေ-သဆုံးသွားခဲ့ပါတယ်။

Xiaomi SU7 electric car fire in Chengdu kills one, impacts market | News.az

ဝင်တိုက်မိတဲ့ဒဏ်ကြောင့် ကားရဲ့ ပါဝါစနစ်ချို့ယွင်းသွားပြီး တံခါးတွေလော့ခ်ကျသွားကာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ယာဉ်မောင်းက ကားထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အနီးအနားမှာရှိတဲ့သူတွေက ကူညီဖို့ ပြေးလာခဲ့ကြပေမယ့် အားဖြည့်မှန်တွေကို မခွဲနိုင်ခဲ့သလို လျှပ်စစ်တံခါးတွေကိုလည်း ဖွင့်လို့မရခဲ့ပါဘူး။ သူတို့က မီးသတ်ဆေးဘူးတွေသုံးပြီး ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြပေမယ့် မီးတောက်တွေက အရမ်းမြန်မြန် ပျံ့နှံ့သွားခဲ့ပါတယ်။

Xiaomi SU7 Bursts Into Flames After Crash in Chengdu, Driver Killed Despite  Rescue Attempts - Pandaily

ရဲတပ်ဖွဲ့က ယာဉ်မောင်းဟာ Mr. Deng ဖြစ်တယ်လို့ ဖော်ထုတ်ခဲ့ပြီး သူဟာ အရက်မူးပြီးမောင်းနှင်ခဲ့တယ်လို့ သံသယရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဆိုးကြောင့် လျှပ်စစ်ကားတွေမှာ ပါဝါချို့ယွင်းသွားပြီးနောက် တံခါးဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ အရေးပေါ်အခြေအနေတွေမှာ ကားတံခါးကို လက်နဲ့ဖွင့်ရတဲ့ ခလုတ်တွေက ရှာရခက်ခဲလေ့ရှိတာကြောင့် ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် Xiaomi SU7 မော်ဒယ်ရဲ့ ဘေးကင်းလုံခြုံမှုအပေါ် ပြည်သူတွေရဲ့ စိစစ်မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့ပြီး Xiaomi ရဲ့ ရှယ်ယာဈေးတွေလည်း သိသိသာသာ ထိုးကျသွားခဲ့ပါတယ်။

Ref : Technology Innovation