Meta က AI ကို ပလက်ဖောင်းများစွာမှာ ထည့်သွင်းပေးထားပါတယ်။ ဒါဟာ တော်တော်  အသုံးဝင်ပါတယ်၊ ကုမ္ပဏီကလည်း သုံးစွဲသူတွေကို သူ့ရဲ့ AI chatbot နဲ့ ပိုပြီး မကြာခဏ စကားပြောဖို့ တိုက်တွန်းနေပါတယ်။ အဲဒီထဲမှာ ဆယ်ကျော်သက်တွေ ပါဝင်ပြီး တစ်ခါတလေမှာ ပြဿနာပြန်တက်နိုင်ပါတယ်။ ဥပမာအားဖြင့်၊ မကြာသေးမီက သတင်းတစ်ခုအရ အရွယ်မရောက်သေးသူတွေက အဲဒီ chatbot နဲ့ အချစ်ရေးအကြောင်းအရာတွေ ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။ Meta က အဲဒီအတွက် အဖြေတစ်ခု တွေ့ထားပုံရပါတယ်။

Meta is giving parents more control over their teen's use of AI on Instagram

သောကြာနေ့မှာ AI အရာရှိချုပ်ဖြစ်တဲ့ Adam Mosseri က AI chatbot အတွက် မိဘတွေက ထိန်းချုပ်နိုင်မယ့် (parental controls) အသစ်တွေကို ကြေညာခဲ့ပါတယ်။ အဲဒီ မိဘထိန်းချုပ်မှု feature တွေဟာ လာမယ့်နှစ်အစောပိုင်းမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး လူကြီးတွေအတွက် tool မျိုးစုံကို ပံ့ပိုးပေးသွားမှာပါ။ ဥပမာအားဖြင့်၊ မိဘတွေဟာ သီးခြား character (AI ပုံစံ) တွေကို ပိတ်ပင်တာ ဒါမှမဟုတ် သူတို့ကလေးတွေ Meta AI ကို လုံးဝသုံးလို့မရအောင် ပိတ်ထားတာမျိုးတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။

Meta's Zuckerberg hiring for new 'superintelligence' AI team, Bloomberg  News reports | Reuters

ဒါ့အပြင်၊ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေက chatbot နဲ့ ဆွေးနွေးတဲ့ အကြောင်းအရာတွေရဲ့ အကျဉ်းချုပ်ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Adam Mosseri က  ဘယ်လိုအလုပ်လုပ်မလဲဆိုတာ အသေးစိတ် မပြောခဲ့ပေမယ့် Meta က မကြာခင်မှာ အသေးစိတ် ထပ်မံမျှဝေသွားမှာ ဖြစ်ပါတယ်။

Meta က တာဝန်အားလုံးကို မိဘတွေဆီ ပုံချနေတာတော့ မဟုတ်ပါဘူး။ Adam Mosseri ပြောတာကတော့ အဲဒီ chatbot ကို ဆယ်ကျော်သက်တွေ ဆက်လက် သုံးနိုင်မှာ ဖြစ်ပြီး အသုံးဝင်တဲ့ အချက်အလက်တွေကို ဆက်ပေးနေဦးမှာပါလို့ ပြောပါတယ်။ ဒါပေမယ့် လုံခြုံမှုရှိအောင် ပြုလုပ်ပေးမှာပါ။

အဲဒီ  feature အသစ်တွေကို Instagram မှာပဲ အရင်ဆုံး မိတ်ဆက်မှာဖြစ်ပြီး၊ တခြား platform တွေဆီ တိုးချဲ့သွားဖို့ အစီအစဉ်ရှိပါတယ်။ မိဘထိန်းချုပ်မှု စနစ်ကိုတော့ US၊ Canada၊ the UK နဲ့ Australia မှာရှိတဲ့ English စကားပြော သုံးစွဲသူတွေအတွက်ပဲ အရင်ရရှိထုတ်ပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena