United Arab Emirates (UAE) မှာ သုတေသီတွေဟာ ကမ္ဘာ့အမြန်ဆုံး 6G ကွန်ရက်တွေထဲက တစ်ခုကို စမ်းသပ်ပြီး နည်းပညာဆိုင်ရာ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ စမ်းသပ်မှုတွေအတွင်းမှာ မယုံနိုင်စရာကောင်းတဲ့ တစ်စက္ကန့်ကို 145 gigabits (Gbps) အမြန်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။
e& UAE က NYU Abu Dhabi နဲ့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ အဲဒီစမ်းသပ်မှုမှာ terahertz (THz) လှိုင်းနှုန်းတွေကို အသုံးပြုခဲ့ပါတယ်။
ဒီအမြန်နှုန်းနဲ့ဆိုရင် ကြီးမားတဲ့ ဒေတာလွှဲပြောင်းမှုတွေကို စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်နိုင်မှာဖြစ်ပြီး ဇာတ်ကားရှည် အများအပြားကို ချက်ချင်းနီးပါး ဒေါင်းလုဒ်ဆွဲဖို့ ဖြစ်နိုင်စေပါတယ်။ တစ်စက္ကန့်ထဲနဲ့ HD ရုပ်ရှင်ကား ၁၀ ကားလောက်ကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
အဲဒီစမ်းသပ်မှုကို ထိန်းချုပ်ထားတဲ့ အခြေအနေတွေအောက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့်၊ ဒါဟာ လက်တွေ့ကမ္ဘာမှာ 6G ကို အသုံးချနိုင်ဖို့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။
6G ဟာ ဖျော်ဖြေရေးကဏ္ဍထက် အများကြီးပိုပြီး AI စနစ်တွေ၊ မောင်းသူမဲ့ယာဉ်တွေ၊ အဝေးထိန်း ဆေးဘက်ဆိုင်ရာ ခွဲစိတ်မှုတွေနဲ့ စမတ်မြို့တော်တွေကို စွမ်းအားပေးမှာ ဖြစ်ပါတယ်။
Ref : Unbreality