သမ္မတ Donald Trump က စနေနေ့မှာ သူတိုက်လေယာဉ်တစ်စီးပေါ်ကနေ အမေရိကန် ဆန္ဒပြသူတွေအပေါ် မစင်လို့ ယူဆရတဲ့အရာတွေ ကြဲချနေပုံဖော်ထားတဲ့ AI  ဗီဒီယိုတစ်ခုကို ပို့စ်တင်ခဲ့ပါတယ်။

Trump mocks 'No Kings' protests with shocking AI videos

၁၉ စက္ကန့်ရှည်တဲ့ အဲဒီဗီဒီယိုထဲမှာ Trump က “King Trump” လို့ နာမည်တပ်ထားတဲ့ တိုက်လေယာဉ်တစ်စီးထဲမှာ သရဖူဆောင်းထားတာကို တွေ့ရပါတယ်။ Trump နဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို ဆန့်ကျင်တဲ့ “No Kings” ဆန္ဒပြပွဲတွေ လုပ်ပြီးနောက်မှာ သူက အဲဒီဗီဒီယိုကို သူ့ရဲ့ Truth Social အကောင့်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုထဲမှာ Trump က New York City က Times Square လို့ထင်ရတဲ့ နေရာတစ်ခုမှာ စုဝေးနေကြတဲ့ လက်ဝဲယိမ်း influencer Harry Sisson နဲ့တူတဲ့ လူတစ်ယောက်နဲ့ တခြား ဆန္ဒပြသူတွေအပေါ်မှာ အဲဒီ မစင်လို့ ယူဆရတဲ့ အရာတွေကို ကြဲချနေတာ ပြထားပါတယ်။

Internet outraged over Donald Trump's 'disgusting' AI video response to historic 'No Kings' protests | Euronews

“သတင်းထောက်တစ်ယောက်ယောက်က Trump ကို ဘာလို့ တိုက်လေယာဉ်ပေါ်ကနေ ကျွန်တော့်အပေါ် မစင်တွေကြဲချနေတဲ့ AI ဗီဒီယို တင်ရတာလဲလို့ မေးပေးလို့ရမလား။ ဒါဆို အရမ်းကောင်းမှာပဲ ကျေးဇူးပါ” လို့ Sisson က tweet မှာ ရေးခဲ့ပါတယ်။

ဒုသမ္မတ JD Vance က Sisson ကို “မင်းအတွက် ငါ သူ့ကို မေးပေးပါ့မယ် Harry” လို့ tweet နဲ့ ပြန်တုံ့ပြန်ခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။

Trump ဟာ လတ်တလောလတွေအတွင်း သူ့ကို ဝေဖန်သူတွေကို ပြန်တုံ့ပြန်တိုက်ခိုက်ဖို့ AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယို အတော်များများကို တင်ခဲ့ပါတယ်။ သမ္မတဟာ ပြီးခဲ့တဲ့ ကိုးလအတွင်းမှာ အဲဒီလို ဗီဒီယို ဒါဇင်ပေါင်းများစွာကို သူ့ရဲ့ Truth Social အကောင့်မှာ တင်ခဲ့ပါတယ်။ သူ့ရဲ့ AI နဲ့ ဖန်တီးထားတဲ့ ပို့စ်တွေရဲ့ ထက်ဝက်လောက်ဟာ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ တင်ခဲ့တာတွေ ဖြစ်တယ်လို့ NBC News ရဲ့ ဒီလအစောပိုင်း သုံးသပ်ချက်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။

Ref: nbcnews