ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Xiaomi ဟာ HyperOS 3 global version အတွက် beta tester တွေ စတင်ခေါ်ယူခဲ့ပါတယ်။ ကုမ္ပဏီက အခုအခါမှာတော့ အဲဒီ software ကို နိုင်ငံတကာအတွက် ဖုန်းတချို့မှာ ဖြန့်ချိပေးလိုက်ပါတယ်။

တရားဝင် Xiaomi HyperOS account ရဲ့ အဆိုအရ၊ HyperOS 3 global rollout ကို Xiaomi 15T series နဲ့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီက ဒီ update ကို user တွေက အဆင့်လိုက် ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

global beta program မှာ စာရင်းပေးသွင်းခဲ့တဲ့ Xiaomi 15T နဲ့ 15T Pro user တွေဟာ stable HyperOS 3 ကို ပထမဆုံး ရရှိသူတွေ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ တရုတ် မှာတော့ Xiaomi 15 series နဲ့ Redmi K80 lineup တွေဟာ stable update ကို ပထမဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။
HyperOS 3 ဟာ Android 16 အပေါ်မှာ အခြေခံထားပြီး တိုးတက်မှု အများအပြား ပါဝင်လာပါတယ်။ ဒါ့အပြင် အနည်းငယ် ပြန်လည်ဒီဇိုင်းထုတ်ထားတဲ့ user interface၊ update လုပ်ထားတဲ့ app တွေနဲ့ AI feature အသစ် များစွာလည်း ပါဝင်လာပါတယ်။
Ref : gsmarena