Android နဲ့ iOS ဘယ်ဟာ ပိုလုံခြုံလဲလို့ မေးလိုက်ရင် လူအများစုက Apple ရဲ့ ‘walled garden’ (အပိတ်) စနစ်ကြောင့် iOS ကိုပဲ ချက်ချင်းရွေးကြမှာပါ။ Apple ကိုယ်တိုင်ကလည်း ဥရောပသမဂ္ဂ (EU) က သူ့ရဲ့ စနစ်တွေကို ဖွင့်ခိုင်းတိုင်း ဒီအချက်ကို အမြဲ ခုခံကာကွယ် ပြောလေ့ရှိပါတယ်။

ဒါပေမယ့် အနည်းဆုံး အွန်လိုင်းလိမ်လည်မှု (scam) တွေကနေ ကာကွယ်တဲ့နေရာမှာတော့ Android က iOS ထက် ပိုလုံခြုံနေတာကို တွေ့ရပါတယ်။ US, India, နဲ့ Brazil က သုံးစွဲသူ ၅,၀၀၀ ကို YouGov က (Google နဲ့ပူးပေါင်း) ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ၊ iOS သုံးသူတွေက တစ်ပတ်ကို scam စာတို ၃ စောင် ဒါမှမဟုတ် အဲဒီထက်ပိုရတဲ့နှုန်းက ၆၅% ပိုများနေပါတယ်။ Android သုံးသူတွေကတော့ scam စာတို လုံးဝမရဘူးလို့ ဖြေတဲ့နှုန်းက ၅၈% ပိုများနေပြီး သူတို့ရဲ့ ကာကွယ်ရေးစနစ်ကို “အလွန်ထိရောက်တယ်” လို့ ယုံကြည်မှုက ၂၀% ပိုများပါတယ်။

Pixel ဖုန်းတွေနဲ့ သီးသန့်ယှဉ်လိုက်ရင် ကွာခြားချက်က ပိုသိသာပါတယ်။ Pixel သုံးသူတွေက scam စာတို လုံးဝမရတဲ့နှုန်း ၉၆% ပိုများပြီး၊ iPhone သုံးသူတွေကတော့ scam စာတို အများကြီးရတဲ့နှုန်း ၁၃၆% ပိုများနေပါတယ်။ ဒါ့အပြင် iPhone သုံးသူတွေက သူတို့ရဲ့ ကိရိယာက လိမ်လည်မှုတွေကို လုံးဝမကာကွယ်နိုင်ဘူးလို့ ဖြေတဲ့နှုန်းက Pixel သုံးသူတွေထက် ၁၅၀% ပိုများနေပါတယ်။ နောက်ထပ် သီးခြားစမ်းသပ်မှုတစ်ခုမှာလည်း (Pixel 10 Pro, iPhone 17 Pro, Samsung Galaxy Z Fold7, နဲ့ Motorola Razr+ 2025) ဖုန်းတွေကို နှိုင်းယှဉ်ရာမှာ iPhone က လုံခြုံရေး feature အနည်းဆုံးနဲ့ အဆင့်နောက်ဆုံးမှာ ရောက်နေပါတယ်။

Android ပိုသာသွားရတဲ့ အဓိကအကြောင်းရင်းက သူ့ရဲ့ “call screening” (ဖုန်းခေါ်ဆိုမှု စိစစ်ခြင်း)၊ scam ထောက်လှမ်းခြင်း နဲ့ အချိန်နဲ့တပြေးညီ သတိပေးတဲ့စနစ်တွေကြောင့်ပါ။ Google Messages app က spam တွေကို စစ်ထုတ်ပေးပြီး၊ on-device AI (ဖုန်းထဲမှာတင် အလုပ်လုပ်တဲ့ AI) ကိုသုံးပြီး စကားပြောပုံစံနဲ့ လိမ်လည်တဲ့ scam တွေကို သတိပေးပါတယ်။ Phone by Google app ကလည်း spam ခေါ်ဆိုမှုတွေကို အလိုအလျောက်ပိတ်ဆို့တာ၊ Call Screen နဲ့ ကိုယ့်အစား ဖုန်းဖြေပြီး လိမ်လည်သူ ဟုတ်မဟုတ် စစ်ဆေးပေးတာ၊ ဖုန်းပြောနေတုန်းမှာတောင် လိမ်လည်တဲ့ပုံစံတွေတွေ့ရင် သတိပေးတာတွေ လုပ်ဆောင်ပေးပါတယ်။
Ref : gsmarena
 
											
				 
									 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				