Tesla CEO Elon Musk ကို အမေရိကန်ဒေါ်လာ ၈၇၈ ဘီလီယံအထိ တန်ဖိုးရှိတဲ့ လုပ်အားခကို ဆယ်စုနှစ်အတွင်း ပေးမယ့် အစီအစဉ်ကို နိုဝင်ဘာ ၆ ရက်နေ့မှာ ရှယ်ယာရှင်တွေက အတည်ပြုလိုက်ပါတယ်။ ဒါဟာ Musk ရဲ့ EV ကုမ္ပဏီကို AI နဲ့ စက်ရုပ် လုပ်ငန်းကြီးတစ်ခုအဖြစ် ပြောင်းလဲမယ့် မျှော်မှန်းချက်ကို ထောက်ခံလိုက်တာ ဖြစ်ပါတယ်။ မဲပေးသူ ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီးနောက်မှာ Tesla စတော့ရှယ်ယာတွေဟာ ဈေးကွက်ပိတ်ချိန်မှာ ၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါတယ်။

Musk ဟာ SpaceX၊ xAI (AI ကုမ္ပဏီ) နဲ့ နိုင်ငံရေးတွေလို တခြားအလုပ်တွေမှာ အချိန်ကုန်နေတာကို ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်ခဲ့ကြပါတယ်။ ဒီလစာအစီအစဉ်ကို အတည်မပြုရင် Musk အလုပ်ထွက်သွားနိုင်တယ်လို့ ဘုတ်အဖွဲ့က သတိပေးခဲ့တာကြောင့်၊ သူ့ကို Tesla အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နေစေဖို့ မက်လုံးပေးတဲ့ သဘောမျိုးနဲ့ အခုလို များပြားတဲ့ လုပ်အားခပေးတာ ဖြစ်ပါတယ်။
လေ့လာသုံးသပ်သူတွေက အဲဒီမဲခွဲဆုံးဖြတ်မှုဟာ Tesla ရဲ့ စတော့ရှယ်ယာအတွက် အကောင်းမြင်စရာလို့ ပြောပါတယ်။ ကုမ္ပဏီရဲ့ တန်ဖိုးဟာ Musk ရဲ့ အနာဂတ် မျှော်မှန်းချက်တွေဖြစ်တဲ့ ကိုယ်တိုင်မောင်း ကားတွေ၊ robotaxis (ယာဉ်မောင်းမလိုတဲ့ တက္ကစီ) တွေနဲ့ လူပုံစံတူ စက်ရုပ်တွေအပေါ်မှာ မူတည်နေပါတယ်။
ဒေါ်လာ တစ်ထရီလီယံနီးပါး တန်ဖိုးရှိတဲ့ အဲဒီအစီအစဉ်ဟာ စွမ်းဆောင်ရည်အပေါ်မှာ မူတည်ပါတယ်။ Musk အနေနဲ့ လစာရဖို့အတွက် သတ်မှတ်ချက်တွေကို ပြည့်မီအောင် လုပ်ဆောင်ရမှာပါ။ လာမယ့် ဆယ်စုနှစ်အတွင်း ကားအစီးရေ သန်း ၂၀ ထုတ်လုပ်တာ၊ robotaxi ၁ သန်း လည်ပတ်နိုင်တာ၊ စက်ရုပ် ၁ သန်း ရောင်းချနိုင်တာနဲ့ အဓိက အမြတ်ငွေ ဒေါ်လာ ဘီလီယံ ၄၀၀ ရရှိတာတွေ ပါဝင်ပါတယ်။ အဓိကအချက်ကတော့၊ သူလစာရဖို့အတွက် Tesla ရဲ့ စတော့တန်ဖိုးဟာ လက်ရှိ ဒေါ်လာ ၁.၅ ထရီလီယံကနေ ၈.၅ ထရီလီယံအထိ အဆင့်ဆင့် မြင့်တက်လာဖို့ လိုအပ်ပါတယ်။
Ref : Channel News Asia