Time မဂ္ဂဇင်းရဲ့ “၂၀၂၅  ခုနှစ်အတွက် အကောင်းဆုံး တီထွင်မှုများ” စာရင်းမှာ တရုတ်ကုမ္ပဏီ အခု ၂၀ ကျော် ပါဝင်လာပါတယ်။ အရင်က စက်ရုပ်တွေ၊ consumer electronics တွေနဲ့သာ ပါခဲ့ပေမယ့် ဒီတစ်ခါမှာတော့ တရုတ်နိုင်ငံရဲ့ AI နည်းပညာ တိုးတက်မှုတွေကို ပထမဆုံးအကြိမ်အဖြစ် အသိအမှတ်ပြု ခံခဲ့ရတာပါ။

Unitree Robotics’ R1, a new humanoid model praised for its agility and affordability. Photo: Unitree Robotics

ဒီစာရင်းမှာ DeepSeek၊ Unitree Robotics နဲ့ Huawei Technologies တို့ရဲ့ ထုတ်ကုန်တွေ ပါဝင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကဏ္ဍပေါင်း ၃၆ ခုကနေ တီထွင်မှုပေါင်း ၃၀၀ အထိ စံချိန်တင် ပါဝင်ခဲ့ပြီး AI ကဏ္ဍကို ၂၀၂၀ မှာ စတင်ခဲ့ပြီးကတည်းက တရုတ် AI တွေ ပထမဆုံးအကြိမ် ပါဝင်လာတာ ဖြစ်ပါတယ်။

Top 10 Chinese Humanoid Robots of 2025

Time မဂ္ဂဇင်းက “ဒီနှစ်အစမှာ DeepSeek ရဲ့ R1 model ထွက်လာတာဟာ AI လောကအတွက် ‘ကမ္ဘာကို လှုပ်နှိုးလိုက်တဲ့ သေနတ်သံ’ လိုပါပဲ” လို့ ဖော်ပြခဲ့ပါတယ်။ ဇန်နဝါရီလက ထွက်ရှိခဲ့တဲ့ Hangzhou အခြေစိုက် start-up ကုမ္ပဏီရဲ့ အဲဒီ model ဟာ စွမ်းဆောင်ရည်မြင့်ပြီး ဈေးသက်သာကာ၊ အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး model တွေကိုတောင် ပြိုင်ဆိုင်နိုင်ပါတယ်။ ဒါဟာ ကမ္ဘာ့ AI ပြိုင်ပွဲမှာ တရုတ်ရဲ့ အနေအထားကို ပြန်ပြီး စဉ်းစားသုံးသပ်စေခဲ့ပါတယ်။

အဲဒီ AI ကဏ္ဍမှာ အမေရိကန်နဲ့ နယ်သာလန်က တခြား တီထွင်မှု ၇ ခုလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီထဲမှာ မေလက ထွက်ခဲ့တဲ့ Anthropic ရဲ့ Claude Sonnet 4 model၊ Nvidia ရဲ့ DGX Spark supercomputer နဲ့ Amsterdam အခြေစိုက် DataSnipper ကုမ္ပဏီရဲ့ DocuMine ဆိုတဲ့ document သုံးသပ်တဲ့ tool တွေလည်း ပါဝင်ပါတယ်။

Ref : South China Morning Post