Germany နိုင်ငံ၊ Düsseldorf မြို့က REWE စူပါမားကတ်တစ်ခုမှာ ဈေးဝယ်သူတွေဟာ ထူးထူးခြားခြားတွေ တွေ့နေရပါတယ်။ အဲဒါကတော့ လူသားစားဖိုမှူး တစ်ယောက်မှမပါဘဲ လတ်ဆတ်တဲ့ အစားအစာတွေကို ချက်ပြုတ်ပေးတဲ့ အလိုအလျောက်စနစ် မီးဖိုချောင်တစ်ခုပဲ ဖြစ်ပါတယ်။
![]()
Circus SE ဟာ သူတို့ရဲ့ CA-1 Series 4 စက်ရုပ်မီးဖိုချောင်ကို REWE Region အတွင်းမှာ တပ်ဆင်လိုက်တာဖြစ်ပြီး ဒါဟာ စူပါမားကတ်တစ်ခုထဲက ကမ္ဘာ့ပထမဆုံး AI ချက်ပြုတ်ရေး စက်ရုပ် ဖြစ်လာပါတယ်။
![In the picture] AI robot cooks in Rewe supermarket - RetailDetail EU](https://i0.wp.com/www.retaildetail.be/wp-content/uploads/2025/10/Der-CA-1_1-1024x683.jpg?resize=1024%2C683&quality=100&strip=all&ssl=1)
CA-1 ဟာ သူ့ဘာသာသူ ချက်ပြုတ်၊ ပန်းကန်ပြင်ဆင်၊ သန့်ရှင်းရေးတွေ လုပ်ဆောင်နိုင်တဲ့ ကျစ်လစ်သေးငယ်တဲ့ မှန်မီးဖိုချောင်တစ်ခု ဖြစ်ပါတယ်။ Circus ရဲ့ AI စွမ်းအားနဲ့ လည်ပတ်တဲ့ အဲဒီမီးဖိုချောင်ဟာ တစ်နာရီကို အစားအစာ ပွဲ ၁၂၀ အထိ (စက္ကန့် ၃၀ တိုင်းမှာ တစ်ပွဲနှုန်း) ကို အရည်အသွေး တသမတ်တည်းနဲ့ ပြင်ဆင်ပေးနိုင်တယ်လို့ ဆိုပါတယ်။
သုံးစွဲသူတွေဟာ touchscreen (သို့) အသံနဲ့ မှာယူနိုင်ပြီး ယူရို ၆ (€6) ($6.94) ကနေ စတင်တဲ့ လတ်ဆတ်ပြီး စားသောက်ဆိုင်အဆင့်မီတဲ့ အစားအစာတွေကို ရွေးချယ်နိုင်ပါတယ်။
စက်ရုပ်လက်တံတွေက မှန်နောက်ကွယ်မှာ ပြင်ဆင်နေတဲ့အချိန် အစားအစာတစ်ပွဲချင်းစီကို မိနစ်ပိုင်းအတွင်း ချက်ပြုတ်ပြီးစီးပါတယ်။
အဲဒီစနစ်ဟာ အစားအစာတစ်ပွဲနဲ့တစ်ပွဲကြားမှာ သူ့ဘာသာသူ သန့်ရှင်းရေးလုပ်နိုင်ပြီး အပြည့်အဝ ပိုးသတ်သန့်စင်ဖို့အတွက် အတွင်းမှာ တပ်ဆင်ထားတဲ့ ပန်းကန်ဆေးစက်ကို အသုံးပြုပါတယ်။ ဒါ့အပြင် လိုအပ်သလောက်ကိုသာ ပြင်ဆင်နိုင်ဖို့ ကြိုတင်ခန့်မှန်းတွက်ချက်တဲ့ algorithms တွေကို အသုံးပြုတာကြောင့် အစားအသောက် ဖြုန်းတီးမှုကို လျှော့ချနိုင်ဖို့ ကူညီပေးပါတယ်။
Ref : Technology Innovation