သတင်းတွေ အမျိုးမျိုးထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာတော့ Samsung က သူတို့ရဲ့ ပထမဆုံး သုံးခေါက်ချိုး စမတ်ဖုန်း Galaxy Z TriFold ကို တရားဝင် မိတ်ဆက် ကြေညာလိုက်ပါပြီ။

Samsung Galaxy Z TriFold is official and will be available starting next week

ဒီဖုန်းရဲ့ အဓိက ထူးခြားချက်ကတော့ တိုက်တေနီယမ် ပတ္တာနှစ်ခု ပါဝင်တာဖြစ်ပြီး ခေါက်လိုက်တဲ့အခါ အဓိက မျက်နှာပြင်ကို အလယ်မှာ လုံးဝ ဖုံးအုပ် ကာကွယ်ထားနိုင်တာ ဖြစ်ပါတယ်။

Huawei ရဲ့ Mate XT နဲ့ မတူတာကတော့ Z TriFold ရဲ့ အပြင်ဘက် မျက်နှာပြင် (Cover Screen) က ကျောဘက်မှာ ရှိနေပြီး အတွင်းဘက် မျက်နှာပြင်နှစ်ဖက်က အလယ်ကို ခေါက်ဝင်သွားတဲ့ ပုံစံ ဖြစ်ပါတယ်။

အတွင်းဘက် မျက်နှာပြင်က အပြည့်ဖွင့်လိုက်ရင် ၁၀ လက်မအထိ ကျယ်ဝန်းပြီး 1-120Hz refresh rate နဲ့ brightness 1,600 nits အထိ ရရှိပါတယ်။ အပြင်ဘက် မျက်နှာပြင်ကတော့ ၆.၅ လက်မ ရှိပြီး Gorilla Glass Ceramic 2 နဲ့ ကာကွယ်ပေးထားပါတယ်။

Samsung Galaxy Z TriFold is official and will be available starting next week

Software ပိုင်းမှာ Android 16 အခြေခံ OneUI 8 ကို အသုံးပြုထားပြီး မျက်နှာပြင်ကျယ်တဲ့အတွက် App သုံးခုကို ဘေးချင်းယှဉ်ပြီး တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Standalone Samsung DeX ပါဝင်လာတဲ့ ပထမဆုံး Samsung ဖုန်းလည်း ဖြစ်ပါတယ်။

ဒါကြောင့် မောက်စ်နဲ့ ကီးဘုတ် ချိတ်ဆက်လိုက်တာနဲ့ ကွန်ပျူတာတစ်လုံးလိုမျိုး အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထည်ကို Advanced Armor Aluminum နဲ့ ပြုလုပ်ထားလို့ ခိုင်ခံ့ပြီး ခေါက်ထားချိန်မှာ အထူ ၁၂.၉ မီလီမီတာ နဲ့ အလေးချိန် ၃၀၉ ဂရမ် ရှိပါတယ်။ Z Fold7 လိုပဲ ရေနဲ့ ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့ IP48 rating လည်း ပါဝင်ပါတယ်။

Samsung Galaxy Z TriFold is official and will be available starting next week

စွမ်းဆောင်ရည်ပိုင်းမှာတော့ Snapdragon 8 Elite for Galaxy Chipset ကို အသုံးပြုထားပြီး RAM 16GB နဲ့ Storage 512GB သို့မဟုတ် 1TB ရွေးချယ်နိုင်ပါတယ်။ ကျောဘက်ကင်မရာက Z Fold7 အတိုင်း 200MP အဓိက ကင်မရာ၊ 10MP Telephoto နဲ့ 12MP Ultrawide ဆိုပြီး သုံးလုံး ပါဝင်ပါတယ်။

ဘက်ထရီကတော့ 5,600 mAh ပါဝင်ပြီး 45W အားသွင်းစနစ် ရပါတယ်။ အရောင်အနေနဲ့ Crafted Black တစ်မျိုးတည်း ရနိုင်မှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ South Korea မှာ စတင်ရောင်းချမှာဖြစ်ပြီး နောက်ပိုင်းမှာ China ၊ Taiwan ၊ Singapore ၊ UAE နဲ့ U.S. တို့မှာ ဆက်လက် ရောင်းချသွားမယ်လို့ သိရပါတယ်။

Samsung Galaxy Z TriFold is official and will be available starting next week

Ref: gsmarena