အမေရိကန်နိုင်ငံ Memphis မြို့ Boxtown ရပ်ကွက်က ဒေသခံတွေဟာ Elon Musk ပိုင်ဆိုင်တဲ့ xAI Colossus supercomputer ကြောင့် သူတို့ ကျန်းမာရေး ထိခိုက်နေရတယ်လို့ ပြောဆိုနေကြပါတယ်။ Data center ကနေ ထွက်လာတဲ့ ဓာတုအနံ့ဆိုးတွေနဲ့ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကြောင့် အခုလို ဖြစ်ရတာလို့ ဒေသခံတွေက အပြစ်တင်ထားပါတယ်။

ဒီစက်ရုံ စတင်လည်ပတ်ချိန်ကစပြီး လေထုအရည်အသွေး သိသိသာသာ ကျဆင်းလာတာကြောင့် ဒေသခံတွေဟာ ချောင်းဆိုးတာ၊ သလိပ်ကပ်တာနဲ့ နှာခေါင်း၊ လည်ချောင်း ခြောက်သွေ့တာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။
ညစ်ညမ်းမှုများတဲ့ ဒီလိုစက်ရုံမျိုးကို မူလကတည်းက ထိခိုက်လွယ်တဲ့ လူထုကြားမှာ လာရောက်တည်ဆောက်တာဟာ မတရားသလို အန္တရာယ်လည်း ကြီးမားတယ်လို့ လူအများက ဝေဖန်နေကြပါတယ်။

လက်ရှိမှာ Elon Musk က ဓာတ်အားပေးစက်ရုံ တစ်ခုကို ဝယ်ယူပြီး “Colossus 2” လို့ အမည်ပေးထားတဲ့ ဒုတိယမြောက် စက်ရုံ တည်ဆောက်ဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ ပိုပြီး မြင့်တက်လာနေပါတယ်။
Ref : Fossbytes