Xiaomi ဟာ လူအကူအညီနည်းနည်းနဲ့ လည်ပတ်နိုင်မယ့် အလိုအလျောက် စမတ်အိမ်သုံးပစ္စည်းစက်ရုံအသစ်ကို ဖွင့်လှစ်လိုက်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပတဲ့ Xiaomi 17 Ultra မိတ်ဆက်ပွဲမှာ ဒီစက်ရုံအကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။ ဝူဟန်မှာရှိတဲ့ အဲဒီစက်ရုံဟာ စမတ်ဖုန်းနဲ့ ကားစက်ရုံတွေပြီးရင် ကုမ္ပဏီရဲ့ တတိယမြောက် အဓိကထုတ်လုပ်ရေးစခန်းကြီးတစ်ခု ဖြစ်လာပါတယ်။

စက်ရုံလည်ပတ်မှု အများစုဟာ မီးဖွင့်စရာမလိုဘဲ အလိုအလျောက်မောင်းနှင်တဲ့စနစ် (Lights-out manufacturing) ကို အသုံးပြုထားပါတယ်။ လုပ်ငန်းစဉ်တွေအတွက် ၁၆၁ စီးရှိတဲ့ စက်ရုပ်တွေက ပစ္စည်းသယ်ယူပို့ဆောင်ရေးကို တာဝန်ယူထားပြီး ဒါဟာ စက်ရုံတွင်း သယ်ယူပို့ဆောင်ရေးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ အလုပ်ရုံ ၆ ခုကိုလည်း ၄.၂ ကီလိုမီတာရှည်တဲ့ ဝေဟင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းနဲ့ ချိတ်ဆက်ထားပါတယ်။

Inside the factory are 161 fully automated robots from Xiaomi.

ကုန်ထုတ်လုပ်မှုနှုန်းထားကလည်း မြန်ဆန်ပြီး အဲယားကွန်းတစ်လုံးကို ၆.၅ စက္ကန့်တိုင်းမှာ ထုတ်လုပ်ပေးနိုင်ပါတယ်။ အရည်အသွေးစစ်ဆေးရာမှာလည်း သမားရိုးကျစနစ်တွေအစား AI နည်းပညာသုံး ကင်မရာတွေနဲ့ အသေးစိတ်စစ်ဆေးပါတယ်။ Circuit board တွေနဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေကို တိကျမှုရှိမရှိ AI နဲ့ ကြည့်ရှုစစ်ဆေးတာ ဖြစ်ပါတယ်။

စက်ရုံတည်ဆောက်မှုအပိုင်းမှာလည်း စံချိန်တင်မြန်ဆန်ခဲ့ပါတယ်။ ၂၀၂၄ သြဂုတ်လမှာ စီမံကိန်းလက်မှတ်ထိုးပြီး နိုဝင်ဘာလမှာ စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၅ ဇန်နဝါရီလမှာ အဆောက်အအုံပိုင်း ပြီးစီးခဲ့ပါတယ်။ ဒီစက်ရုံသစ်ဟာ Xiaomi ရဲ့ အိမ်သုံးပစ္စည်းဈေးကွက်ကို ချဲ့ထွင်မယ့် ရည်မှန်းချက်နဲ့ အဆင့်မြင့်ကုန်ထုတ်လုပ်မှုစနစ်ဆီ ဦးတည်နေတာကို မီးမောင်းထိုးပြနေပါတယ်။

Ref : gizmochina