တန်ဖိုးကြီးပစ္စည်းတွေ ထုတ်လုပ်တဲ့ Caviar က အရမ်းဈေးကြီးတဲ့ custom iPhone ကို မိတ်ဆက်လိုက်ပါတယ်။    ဒူဘိုင်းအခြေစိုက် custom ဖုန်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီက ဒီတစ်ကြိမ်မှာတော့ Art Nouveau ရဲ့ အလှဆင်ဟန်နဲ့ Alphonse Mucha ရဲ့ အလှဆင်အနုပညာတွေကနေ အတုယူ ဖန်တီးထားတဲ့ ဒီဇိုင်းနဲ့ iPhone Air ကို စိတ်ကြိုက် ပြင်ဆင်ထုတ်လုပ်လိုက်ပါတယ်။

Caviar announces Apple iPhone Air that features 24k gold and costs over $11,000

Caviar ရဲ့ အဲဒီ custom Apple iPhone Air ရဲ့ ကျောဘက်မှာ  ပရီမီယံ နွားငယ်သားရေ၊ ကမာခွံအလှဆင်မှုတွေနဲ့ ၂၄ ကာရက်ရွှေ အလှဆင်ပစ္စည်းတွေ ပါဝင်ပြီး သေသပ်တဲ့ ပန်းပုလက်ရာတွေ၊ လက်ရာမြောက် အချောသတ်မှုတွေနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။

iPhone Air with iPhone 17 Pro Max Goldfish

1TB သိုလှောင်မှုပမာဏ ပါဝင်တဲ့ အဲဒီ custom iPhone Air ပေါ်က အစိတ်အပိုင်းတိုင်းကို တိကျသေချာမှုနဲ့ အသေးစိတ်အချက်အလက်တိုင်းမှာ ထူးခြားမှုရှိစေဖို့ လက်နဲ့ပဲ တပ်ဆင်ထားတယ်လို့ Caviar က ပြောပါတယ်။ ဒါ့အပြင်  ဒီ iPhone Air ကို တစ်လုံးတည်းသာ ထုတ်လုပ်ထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၁,၂၁၃ (ယူရို ၉၅၁၀ / အိန္ဒိယ ရူပီး ၁,၀၁၇,၃၆၀) ရှိပါတယ်။ မြန်မာငွေ သိန်း ၄၀၀ ကျော် တန်ကြေးရှိပါတယ်။

Ref : gsmarena