Meta ကုမ္ပဏီနဲ့ EssilorLuxottica တို့ဟာ စျေးနှုန်းအလွန်သက်သာတဲ့ AI စမတ်မျက်မှန်အမျိုးအစားသစ်ကို အင်္ဂါနေ့မှာ ပူးပေါင်းမိတ်ဆက်လိုက်ပါတယ်။ အဲဒီမျက်မှန်အသစ်တွေရဲ့ တန်ဖိုးဟာ ၂၉၉ ဒေါ်လာကနေ စတင်မှာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ ၈၀၀ ဒေါ်လာတန် Ray-Ban Display မျက်မှန်တွေထက် အများကြီး ပိုပြီးစျေးသက်သာသွားတာဖြစ်ပါတယ်။ Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ အဆင့်မြင့် Device တွေကနေတစ်ဆင့် သုံးစွဲသူတွေဆီ AI ရဲ့ အကျိုးကျေးဇူးတွေ တိုက်ရိုက်ရောက်ရှိလာစေဖို့အတွက် “ကိုယ်ပိုင်ဉာဏ်ရည်တု” (personal intelligence) နည်းပညာမှာ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားပါတယ်။

Meta launches cheaper range of AI smart glasses starting at $299

ဒီမျက်မှန်အသစ်တွေကို Luxottica ကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပေမယ့် Ray-Ban ဒါမှမဟုတ် Oakley တို့လို နာမည်ကြီးအမှတ်တံဆိပ်တွေနဲ့ သက်ဆိုင်မှုမရှိတဲ့ ပထမဆုံးမျက်မှန်တွေ ဖြစ်ပါတယ်။ ဒီမျက်မှန်တွေမှာ ထောင့်မှန်စတုဂံပုံစံနဲ့ Kylie Jenner နဲ့ ပူးပေါင်းဒီဇိုင်းဆွဲထားတဲ့ ဘောင်အဝိုင်းအသေးစား အစရှိတဲ့ ပုံစံသစ်တွေ၊ အရောင်အသွေးအသစ်တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် Meta ရဲ့ Superintelligence Labs ကနေ ပထမဆုံးထွက်ရှိလာတဲ့ Muse Spark နည်းပညာသုံး Meta AI ပါဝင်တဲ့ ပထမဆုံး AI မျက်မှန်တွေလည်း ဖြစ်ပါတယ်။

Meta Connect: Mark Zuckerberg unveils newest AI-powered smart glasses | CNN  Business

Meta ရဲ့ စမတ်မျက်မှန်တွေ အောင်မြင်မှုရလာတာကြောင့် Google နဲ့ Apple တို့လို တခြားနည်းပညာကုမ္ပဏီတွေလည်း အလားတူမျက်မှန်တွေ ထုတ်လုပ်ဖို့ စူးစမ်းရှာဖွေလာကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာတစ်ဝန်း စမတ်မျက်မှန် ရောင်းချမှု ၉.၆ သန်း ရှိခဲ့ရာမှာ Meta က ၇၆ ရာခိုင်နှုန်းခန့်အထိ စျေးကွက်ဝေစု ရရှိထားတယ်လို့ International Data Corporation အရ သိရပါတယ်။

Ref : Bangkokpost