တရုတ်နိုင်ငံဟာ ကမ္ဘာ့အမြင့်ဆုံး တိဘက်ကုန်းပြင်မြင့်ပေါ်မှာ လက်စ်ဗီးဂတ်စ်မြို့ထက်တောင် ကျယ်ဝန်းတဲ့ ၁၆.၉ ဂီဂါဝပ်ထွက် ဧရာမ ဆိုလာစွမ်းအင်သုံး စီမံကိန်းကြီးကို အောင်မြင်စွာ တည်ဆောက်လိုက်ပါတယ်။ ချင်းဟိုင်းပြည်နယ် ဂုန်းဟဲခရိုင်မှာ တည်ရှိတဲ့ အဆိုပါ စီမံကိန်းဟာ ၁၆၂ စတုရန်းမိုင် (၄၂၀ စတုရန်းကီလိုမီတာ) အထိ ကျယ်ဝန်းတာကြောင့် ကမ္ဘာ့အကြီးဆုံး ဆိုလာစွမ်းအင် ထုတ်လုပ်ရေး စခန်းတွေထဲက တစ်ခု ဖြစ်လာပါတယ်။ ပင်လယ်ရေမျက်နှာပြင်ထက် မြင့်မားတဲ့ အနေအထားကြောင့် နေရောင်ခြည် အပြည့်အဝ ရရှိတဲ့အပြင် အေးမြတဲ့ ရာသီဥတုနဲ့ စိုထိုင်းဆ နည်းပါးမှုတို့က စွမ်းအင် ထုတ်လုပ်ဖို့အတွက် အကောင်းဆုံး သဘာဝ ဝန်းကျင်တစ်ခု ဖြစ်နေပါတယ်။

Why China Built 162 Square Miles of Solar Panels on the World's Highest  Plateau - The New York Times

ဒီစခန်းကြီးဟာ ဆိုလာ၊ လေစွမ်းအင်နဲ့ ရေအားလျှပ်စစ်တို့ကို ပေါင်းစပ်ထားတဲ့ တရုတ်ရဲ့ ဘာသာစုံ စွမ်းအင်ကွန်ရက်ကြီးရဲ့ အဓိက ဒေါက်တိုင်တစ်ခုဖြစ်ပြီး ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားတွေကို စူပါဗို့အားမြင့် လိုင်းတွေနဲ့ တစ်နိုင်ငံလုံးဆီ ပို့လွှတ်ပေးနေပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာကတော့ ဆိုလာပြားတွေကြောင့် အောက်ခြေ မြေဆီလွှာရဲ့ ရေငွေ့ပျံမှု လျော့နည်းသွားပြီး စိုထိုင်းဆ ထိန်းထားနိုင်တာကြောင့် တဖြည်းဖြည်း ပြန်လည် စိမ်းလန်းစိုပြည်လာတာပဲ ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင်က ခြောက်သွေ့မြေတွေနဲ့ ယှဉ်လိုက်ရင် ဆိုလာပြား အောက်ခြေမှာ သစ်ပင်ဝါးပင်တွေ ပိုမို ဖြစ်ထွန်း လာတာကို သုတေသီတွေ အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။

China races to build world's largest solar farm to meet emission targets |  The Independent

ဒီစီမံကိန်းကြီးဟာ သန့်ရှင်းတဲ့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ပြီး ကာဗွန်ကင်းစင်ရေး ရေရှည်ပန်းတိုင်ဆီ ဦးတည်သွားနေတဲ့ တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ အရှိန်အဟုန် ထိုးတက်လာမှုကို ထင်ထင်ရှားရှား ပြသနေတာပဲ ဖြစ်ပါတယ်။

Ref : Technology Innovation