AI နည်းပညာနဲ့ လူတူစက်ရုပ်တွေဟာ ကမ္ဘာ့စီးပွားရေးစနစ်ကို အလွန်အမင်း ပြောင်းလဲပစ်မှာဖြစ်တာကြောင့် ၂၀၃၆ ခုနှစ်အရောက်မှာ ငွေကြေးရဲ့ အရေးပါမှုဟာ တော်တော်လေး လျော့နည်းသွားနိုင်တယ်လို့ အီလွန်မတ်စ်က ပြောပါတယ်။ The Economist နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အဲဒီလို ခန့်မှန်းခဲ့တာဖြစ်ပြီး လာမယ့် ၅ နှစ်အတွင်းမှာ AI ရဲ့ ဉာဏ်ရည်ဟာ လူသားအားလုံးရဲ့ စုစုပေါင်းဉာဏ်ရည်ထက် ပိုမိုထက်မြက်လာလိမ့်မယ်လို့လည်း သူက မျှော်လင့်ထားပါတယ်။

Elon Musk email to X staff: 'we're barely breaking even' | The Verge

AI နည်းပညာနဲ့ လူတူစက်ရုပ် ဘီလီယံနဲ့ချီပြီး ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို အမြောက်အမြား ထုတ်လုပ်ပေးနိုင်ရင် လိုအပ်သမျှ အရာအရာတိုင်းကို လွယ်လွယ်ကူကူ ရရှိနိုင်တော့မှာဖြစ်တာကြောင့် လူတွေအနေနဲ့ ဒီနေ့ခေတ်လို ပိုက်ဆံ လိုတော့မှာ မဟုတ်ဘူးလို့ သူက ယုံကြည်နေတာပါ။ ဒါ့အပြင် AI မြန်မြန်ဆန်ဆန် တိုးတက်လာမှုဟာ ကုန်ထုတ်လုပ်မှုကို ပိုမိုထိရောက် သက်သာစေတာကြောင့် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုစရိတ်တွေ  ကျဆင်းသွားမယ့် ကုန်ဈေးနှုန်းကျဆင်းမှု (Deflation) ဖြစ်စဉ်ကို ပါ ဦးတည်သွားနိုင်တယ်လို့ သူက ဆိုပါတယ်။

Elon Musk Becomes the First Person With a $500 Billion Net Worth

ဒီလို စိတ်လှုပ်ရှားဖွယ် အကောင်းမြင်ချက်တွေ ရှိနေပေမယ့်လည်း အဆင့်မြင့် AI တွေမှာ ကြီးမားတဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ မတ်စ်က သတိပေးခဲ့ပါတယ်။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်ဖော်ထုတ်နိုင်ဖို့အတွက် ထိပ်တန်း AI ကုမ္ပဏီတွေအနေနဲ့ ဘေးကင်းလုံခြုံရေး အစည်းအဝေးတွေကို ပုံမှန်ကျင်းပဖို့နဲ့ သူတို့ရဲ့ အဆင့်မြင့် AI မော်ဒယ်တွေကို မဖြန့်ချိမီ မဖြစ်မနေ အပြန်အလှန် စိစစ်သုံးသပ်တာတွေ ပြုလုပ်ကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

Ref : Technology Innovation