တရုတ်အထည်ချုပ်စက်ကိရိယာ ထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Jack Technology ဟာ အထည်ချုပ်လုပ်ငန်းခွင်တွေမှာ အလိုအလျောက်စနစ် ပိုမိုအားကောင်းလာစေဖို့အတွက် လူတူစက်ရုပ် အရေအတွက် ၂,၀၀၀ အထိ စတင်တာဝန်ပေးအပ်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီစီမံကိန်းကို ကမ္ဘာကျော် Siemens နည်းပညာကုမ္ပဏီနဲ့ လက်တွဲလုပ်ဆောင်နေတာဖြစ်ပြီး စက်မှုဆိုင်ရာ AI၊ ဒီဂျစ်တယ် အင်ဂျင်နီယာနည်းပညာနဲ့ စက်ရုပ်နည်းပညာတွေကို ပေါင်းစပ်ကာ ပိုမိုစမတ်ကျပြီး ခေတ်မီတဲ့ ထုတ်လုပ်မှုစနစ်တစ်ခုကို ဖန်တီးသွားမှာဖြစ်ပါတယ်။

2,000 humanoids to take on textile production in Chinese firm's push

အထည်ချုပ်စက်မှုလုပ်ငန်းအတွင်း AI အခြေပြု ထုတ်လုပ်မှုစနစ်နဲ့ စက်ရုပ်နည်းပညာတွေ ပိုမိုတိုးတက်လာစေဖို့ Intelligence Center X နဲ့ Designcenter အပါအဝင် အဆင့်မြင့်ဆော့ဖ်ဝဲလ် နည်းပညာပေါင်းစုံကို အသုံးပြုထားတယ်လို့ Siemens ဘက်က ထုတ်ပြန်ထားပါတယ်။ ဒီလို ခေတ်မီနည်းပညာတွေ ပေါင်းစပ်လိုက်တာကြောင့် အထည်ချုပ်လုပ်ငန်းရဲ့ နည်းပညာဆိုင်ရာ အဆင့်မြင့်လာမှာဖြစ်ပါတယ်။

Enhancing garment worker well-being with AI

အခုလို ဒီဂျစ်တယ်စနစ်ဆီ ကူးပြောင်းလိုက်ခြင်းအားဖြင့် လုပ်ငန်းခွင်အတွင်း ရှုပ်ထွေးမှုတွေကို လျှော့ချပေးနိုင်မှာဖြစ်သလို လုပ်ငန်းစဉ်တွေကိုလည်း ပိုမိုသွက်လက် မြန်ဆန်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလိုအလျောက် မောင်းနှင်နိုင်စွမ်း တိုးတက်လာမှာဖြစ်တာကြောင့် စက်ရုံတွေရဲ့ အထည်ထုတ်လုပ်မှု စွမ်းအားကို ၃၀ ရာခိုင်နှုန်းအထိ အသိသာဆုံး မြှင့်တင်ပေးနိုင်လိမ့်မယ်လို့လည်း Jack Technology က မျှော်လင့်ထားပါတယ်။

Ref : Technology Innovation