ကမ္ဘာမြေထက်တင် မကတော့ဘဲ အာကာသဟင်းလင်းပြင်ထဲအထိ ဂစ်ဂါဝပ် (gigawatt) အဆင့်ရှိတဲ့ AI ကွန်ပျူတာ စနစ်ကြီးတွေ တည်ဆောက်သွားဖို့ တရုတ်နိုင်ငံက ပြင်ဆင်နေပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတုန်းက တရုတ်ရဲ့ အဓိက အာကာသလုပ်ငန်းကြီး CASC က အနာဂတ် ၅ နှစ်အတွင်း အာကာသအခြေပြု ဒေတာစင်တာ ကွန်ရက်ကြီး ပေါ်ပေါက်လာရေး အကောင်အထည်ဖော်မယ်လို့ ပထမဆုံး ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်အတွက် လိုအပ်တဲ့ နည်းပညာရပ်တွေကို အရှိန်အဟုန်မြှင့် တည်ဆောက်နေပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာတော့ အာကာသသုံး ချစ်ပ်ပြားတွေ၊ အဆင့်မြင့် ကွန်ပျူတာစနစ်တွေနဲ့ AI မော်ဒယ်တွေကို သုတေသနပြုမယ့် “အာကာသကွန်ပျူတာ စက်မှုဆန်းသစ်တီထွင်မှုဗဟိုဌာန” ကို တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

Space-Based Datacenters Take The Cloud Into Orbit | Hackaday

ဒီ စီမံကိန်းအပြင် သီးခြားစီမံကိန်းတစ်ခုအနေနဲ့ တရုတ်နည်းပညာကုမ္ပဏီ ADAspace ကလည်း AI ဒေတာတွက်ချက်ဖို့ ဂြိုဟ်တု ၂,၄၀၀ နဲ့ AI မော်ဒယ်တွေ သင်ကြားလေ့ကျင့်ပေးဖို့ ဂြိုဟ်တု ၄၀၀ စုစုပေါင်း ကွန်ပျူတာဂြိုဟ်တု ကွန်ရက်ကြီး ၂,၈၀၀ ကို အာကာသထဲ လွှတ်တင်ဖို့ အဆိုပြုထားပါသေးတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အာကာသထဲမှာ ရရှိနေတဲ့ နေရောင်ခြည်စွမ်းအင်ကို တိုက်ရိုက်ယူသုံးပြီး ဂြိုဟ်တုတွေ သတင်းအချက်အလက် စုဆောင်းမိတဲ့နေရာမှာတင် ချက်ချင်း လက်ငင်း ဒေတာ စီမံတွက်ချက်နိုင်အောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

These companies want to send data centers into space | CNN

ဒါပေမဲ့ ဒီအိပ်မက်ဟာ လက်တွေ့မှာတော့ ရော့ကတ်လွှတ်တင်ခ အလွန်ကြီးမားတာ၊ အာကာသထဲက စက်ပစ္စည်းတွေ အအေးပေးစနစ် ထိန်းသိမ်းရခက်တာ၊ ဓာတ်ရောင်ခြည် အန္တရာယ်နဲ့ ကမ္ဘာမြေဆီ ဒေတာ ပြန်လည်ပေးပို့ရေး စတဲ့ စိန်ခေါ်မှုကြီးတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ ဒါတွေဟာ စီမံကိန်းအဆင့်မှာပဲ ရှိနေသေးပြီး အာကာသထဲမှာ အမှန်တကယ် လည်ပတ်နေတဲ့ ဂစ်ဂါဝပ်အဆင့် AI ဒေတာစင်တာရယ်လို့ တရုတ်မှာ မရှိသေးပါဘူး။

Ref : Technology Innovation