ကမ္ဘာ့ထိပ်တန်း ဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Electronic Arts (EA) ကို ဆော်ဒီအာရေးဗီးယားရဲ့ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF) ဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံနဲ့ အပြီးသတ်ဝယ်ယူလိုက်ပါတယ်။ အဲဒီအဖွဲ့မှာ Silver Lake နဲ့ Affinity Partners ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ အရောင်းအဝယ် ကိစ္စတွေကို အပြီးသတ်နိုင်ခဲ့တာကြောင့် EA ဟာ စတော့စျေးကွက်မှာ အရောင်းအဝယ်လုပ်တဲ့ ကုမ္ပဏီအဖြစ်ကနေ ပုဂ္ဂလိကပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

Saudi-Led Group Acquires Video Game Giant EA in $55 Billion Deal -  PhoneWorld

EA ကုမ္ပဏီဟာ EA Sports FC ၊ Battlefield ၊ Madden NFL ၊ The Sims နဲ့ Apex Legends စတဲ့ လူကြိုက်များလှတဲ့ ဂိမ်းတွေကို ထုတ်လုပ်နေတဲ့ နာမည်ကျော် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒီအရောင်းအဝယ်အရ EA ရဲ့ ရှယ်ယာရှင်တွေဟာ ရှယ်ယာတစ်စုကို ငွေသား ဒေါ်လာ ၂၁၀ စီ ရရှိခဲ့ကြပါတယ်။ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေါ်လာ ၅၅ ဘီလီယံတန်ကြေးရှိတဲ့ အဲဒီဝယ်ယူမှုဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ချေးငွေအသုံးပြု ဝယ်ယူမှု (Leveraged Buyout) ဖြစ်လာခဲ့ပါတယ်။

EA Enters New Era as Saudi-Led Consortium Officially Takes Gaming Giant  Private - TechStory

ဒီဝယ်ယူမှုကို ဆော်ဒီအာရေးဗီးယား နိုင်ငံတစ်ခုတည်းက ဝယ်ယူခဲ့တာ မဟုတ်ဘဲ ဆော်ဒီအမျိုးသား ရန်ပုံငွေအဖွဲ့က ဦးဆောင်ပြီး Silver Lake နဲ့ Affinity Partners တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အရောင်းအဝယ် အပြီးသတ်သွားပေမယ့်လည်း EA ရဲ့ ဂိမ်းတွေကို လုပ်ငန်းအောက်မှာ ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ပြီး စတော့စျေးကွက်မှာတော့ ဆက်လက်အရောင်းအဝယ် လုပ်တော့မှာ မဟုတ်ပါဘူး။

Ref : Technology Innovation