ဗြိတိန်ရဲ့ K3 Scout လူမဲ့ရေယာဉ်တွေမှာ တပ်ဆင်ထားတဲ့ တရုတ်လုပ် ကင်မရာတွေဟာ တရုတ်နိုင်ငံက အင်တာနက်လိပ်စာတစ်ခုနဲ့ ဆက်သွယ်နေတာကို ပုံမှန်လုံခြုံရေးစစ်ဆေးမှုလုပ်နေစဉ်မှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီကင်မရာတွေဟာ စက်တွေ အွန်လိုင်းပေါ်ရောက်နေပြီး အလုပ်လုပ်နေကြောင်း ပြသတဲ့ အလိုအလျောက် အချက်ပြမှုတွေကို ပေးပို့နေတာဖြစ်ပါတယ်။ ဒီရေယာဉ်တွေကို ဗြိတိန်ကုမ္ပဏီ Kraken Technology Group က ထုတ်လုပ်တာဖြစ်ပြီး Royal Navy က Project Beehive အရ ရေယာဉ် အစင်း ၂၀ ကို ပေါင် ၁၂.၃ သန်းနဲ့ မှာယူခဲ့တာဖြစ်ပါတယ်။
ဒီပြဿနာကို ဆိုက်ဘာလုံခြုံရေး အကဲဖြတ်မှုလုပ်နေစဉ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အဲဒီကင်မရာတွေရဲ့ အင်တာနက်ချိတ်ဆက်မှုကို ဖြတ်တောက်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ ဗြိတိန်စစ်ဘက်ဆိုင်ရာ အရေးကြီးအချက်အလက်တွေ ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စနစ်တွေထဲကို ဝင်ရောက်တာ၊ ပေါက်ကြားတာမျိုး ဒါမှမဟုတ် ဗြိတိန်ပြင်ပကို ပေးပို့တာမျိုး မရှိဘူးလို့ သိရပါတယ်။
ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Kraken ကလည်း စစ်ဆေးမှုတွေအရ အရေးကြီးအချက်အလက်တွေ ပေါက်ကြားတာမျိုး မရှိဘူးလို့ အတည်ပြုထားပါတယ်။ ဒါပေမဲ့ အခုလို တွေ့ရှိခဲ့တာကြောင့် စစ်ဘက်သုံးပစ္စည်းတွေမှာ နိုင်ငံခြားဖြစ် အစိတ်အပိုင်းတွေ အသုံးပြုမှုနဲ့ ကာကွယ်ရေးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာစေပါတယ်။
Ref : Technology Innovation
