တရုတ်နိုင်ငံဟာ အနာဂတ်လပေါ်သုတေသနစခန်းမှာ အာကာသယာဉ်မှူးတွေနဲ့အတူ အလုပ်လုပ်ဖို့ စက်ရုပ်ခွေးတွေကို အသုံးပြုဖို့ စဉ်းစားနေပါတယ်။ တရုတ်အာကာသနည်းပညာအကယ်ဒမီ (CAST) က သိပ္ပံပညာရှင်တွေဟာ လမျက်နှာပြင်ပေါ်မှာ အာကာသယာဉ်မှူး သုံးဦးနဲ့ ခြေလေးချောင်းတပ် စက်ရုပ်နှစ်ရုပ် အတူတကွအလုပ်လုပ်မယ့် စီမံကိန်းတစ်ခုကို အဆိုပြုထားပါတယ်။

China is exploring the idea of using robot dogs to work alongside astronauts  on the Moon as part of its plans for a future lunar research station.  Chinese scientists from the China

အဲဒီစက်ရုပ်ခွေးတွေဟာ စခန်းကို ကင်းလှည့်တာ၊ အန္တရာယ်ရှိမရှိ စစ်ဆေးတာ၊ ပတ်ဝန်းကျင်ကို စောင့်ကြည့်တာ၊ ကျောက်ခဲတွေ စုဆောင်းတာနဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုတွေ လုပ်ဆောင်တာတွေမှာ ကူညီပေးနိုင်ပါတယ်။ အဆိုပြုထားတဲ့ ပုံစံမှာ အာကာသယာဉ်မှူးတစ်ဦးက စက်ရုပ်ခွေးနှစ်ရုပ်နဲ့ အလုပ်လုပ်နေချိန်မှာ နောက်တစ်ဦးက နမူနာတွေ စုဆောင်းတာလိုမျိုး သိပ္ပံပညာပိုင်းကို အာရုံစိုက်မှာဖြစ်ပြီး တတိယမြောက်လူကတော့ ဖိအားထိန်းထားတဲ့ ယာဉ်ထဲကနေ အခြားစက်ရုပ်တွေကို ထိန်းချုပ်ပေးမှာ ဖြစ်ပါတယ်။

China Plans to Send Robot Dogs to a Lunar Station – Zamin.uz, 10.08.2026

တရုတ်နိုင်ငံဟာ လရဲ့ တောင်ဝန်ရိုးစွန်းနားမှာ အပြည်ပြည်ဆိုင်ရာ လပေါ်သုတေသနစခန်း (ILRS) တည်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပြီး အခြေခံအဆင့်ကို ၂၀၃၅ ခုနှစ်နဲ့ ပိုမိုဖွံ့ဖြိုးတဲ့အဆင့်ကို ၂၀၄၀ ပြည့်လွန်နှစ်တွေမှာ တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။ လပေါ်ကို ၂၀၃၀ ခုနှစ်မှာ အာကာသယာဉ်မှူးတွေ စေလွှတ်ဖို့လည်း ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီစက်ရုပ်ခွေးတွေ လပေါ်သွားမယ့်ကိစ္စကိုတော့ အတိအကျ အတည်မပြုရသေးဘဲ သုတေသနအဆိုပြုချက် အဆင့်မှာသာ ရှိနေပါသေးတယ်။

Ref : Technology Innovation