Tecno ဟာ Pova 8 ကို မိတ်ဆက်ပြီး တစ်လအကြာမှာတော့ Tecno Pova 8 Pro ကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ Dimensity 7400 Ultimate ချစ်ပ်ဆက်၊ 12GB RAM အထိနဲ့ 512GB Storage တို့ ပါဝင်ပြီး ဂိမ်းကစားဖို့အတွက် သီးသန့် P1 ဂရပ်ဖစ်ချစ်ပ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ မျက်နှာပြင်အနေနဲ့ 6.78 လက်မအရွယ် AMOLED display ကို အသုံးပြုထားပြီး 144Hz refresh rate နဲ့ 4500 nits brightness အထိ ထောက်ပံ့ပေးထားပါတယ်။ Android 16 အခြေခံ HiOS 16 နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပြီး AI assistant Ella လည်း ပါဝင်လာပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ တြိဂံပုံစံ ကင်မရာမော်ဂျူးနဲ့ စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ Mini LED dot-matrix မျက်နှာပြင်ပါဝင်တဲ့ starship ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းအတွက် OIS ပါဝင်တဲ့ 50MP LYTIA 700C အဓိကကင်မရာ၊ 8MP ultra-wide နဲ့ အရှေ့ဘက် 13MP ကင်မရာတွေကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီအနေနဲ့ 6500mAh ပါဝင်ပြီး 45W အားသွင်းစနစ်၊ bypass charging နဲ့ 10W reverse charging တွေကို ထောက်ပံ့ပေးထားတဲ့အပြင် ရေနဲ့ ဖုန်ဒဏ်ခံနိုင်တဲ့ IP66, IP68, IP69 နဲ့ IP69K rating တွေလည်း ရရှိထားပါတယ်။

အရောင်အနေနဲ့ အဖြူ၊ အမည်းနဲ့ အစိမ်းရောင် သုံးမျိုး ရွေးချယ်နိုင်ပြီး 8GB+256GB, 12GB+256GB နဲ့ 12GB+512GB ဆိုပြီး ထွက်ရှိလာပါတယ်။ အဲဒီအပြင် အထူးထုတ်အနေနဲ့ အမည်းရောင်သီးသန့်ရရှိနိုင်မယ့် Tonino Lamborghini edition ကိုလည်း မိတ်ဆက်ထားပြီး ပုံမှန်မော်ဒယ်နဲ့ ဒီဇိုင်းပိုင်းသာ ကွာခြားမှာဖြစ်ပါတယ်။ ဈေးနှုန်း မသိရသေးပါဘူး။
Ref : Gizmochina
