ကားထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ တရုတ်ကုမ္ပဏီကြီး BYD ဟာ အခုဆိုရင် စက်ရုပ်နည်းပညာလောကထဲကိုပါ ခြေလှမ်းစတင်လိုက်ပါပြီ။ သူတို့ရဲ့ ပထမဆုံး လူတူစက်ရုပ်ဖြစ်တဲ့ Xiao Di ကို တရုတ်နိုင်ငံ ကျန်းကျိုးမြို့မှာရှိတဲ့ Di Space အတွေ့အကြုံစင်တာမှာ စိတ်ဝင်စားဖွယ် မိတ်ဆက်လိုက်ပါတယ်။ အဲဒီစက်ရုပ်ဟာ အရပ် ၅ ဒသမ ၂ ပေ၊ အလေးချိန် ၁၂၉ ပေါင်ရှိပြီး လူတွေလို သဘာဝကျကျ လှုပ်ရှားနိုင်တဲ့ အဆစ် ၃၁ ခုအထိ ပါဝင်တယ်လို့ သိရပါတယ်။

🤖🇨🇳🚫 How BYD's humanoid robot "Xiao Di" is escalating the tech war: USA  bans China's robot

ဖောက်သည်တွေကို ဝန်ဆောင်မှုပေးဖို့ အထူးထုတ်လုပ်ထားတဲ့ Xiao Di ဟာ ဧည့်သည်တွေကို ဖော်ဖော်ရွေရွေ နှုတ်ဆက်နိုင်ရုံသာမက BYD ကားတွေရဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေကိုပါ အသေးစိတ် ရှင်းပြပေးနိုင်ပါတယ်။ ပိုပြီး အံ့ဩစရာကောင်းတာက ၃၆၀ ဒီဂရီ မြင်ကွင်းကို မြင်နိုင်စွမ်းရှိတာ၊ လူတွေရဲ့ မျက်နှာနဲ့ လက်ဟန်အမူအရာတွေကို ခွဲခြားသိမြင်နိုင်တာအပြင် တရုတ်ဒေသန္တရစကား ၆ မျိုးနဲ့ နိုင်ငံခြားဘာသာစကား ၆ မျိုးကို အချိန်တပြေးညီ တိုက်ရိုက် ဘာသာပြန်ဆိုပေးနိုင်တာပဲ ဖြစ်ပါတယ်။

BYD представила человекоподобного робота Xiao Di для работы с клиентами в  её автосалонах

ရှေ့ဆက်ပြီးတော့လည်း BYD ကုမ္ပဏီဟာ သူတို့ရဲ့ ကားအရောင်းပြခန်းတိုင်းမှာ အဲဒီစက်ရုပ် ၂ ရုပ် ဒါမှမဟုတ် ၃ ရုပ်အထိ ထားရှိဖို့ ရည်မှန်းထားပြီး ကုန်တိုက်တွေနဲ့ ကုန်လှောင်ရုံတွေမှာပါ အသုံးပြုနိုင်ဖို့ စမ်းသပ်လေ့လာနေပါတယ်။ အခုလို လူတူစက်ရုပ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် BYD ဟာ   Tesla နဲ့ XPeng တို့ကို စိန်ခေါ်တော့မှာ ဖြစ်ပါတယ်။

Ref : Technology Innovation