လျှပ်စစ်ကား (EV) တွေဟာ ကားထုတ်လုပ်မှု၊ ဘက်ထရီပြုလုပ်မှုကနေ မောင်းနှင်မှုအထိ သက်တမ်းတစ်ခုလုံးစာ ယှဉ်ကြည့်ရင် ပုံမှန်ဓာတ်ဆီကားတွေထက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၄၀ မှ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း MIT ရဲ့ သုတေသနအသစ်မှာ ဖော်ပြထားပါတယ်။ ဓာတ်ငွေ့ထုတ်လွှတ်မှု မည်မျှအထိ လျှော့ချနိုင်သလဲဆိုတာကတော့ အသုံးပြုတဲ့ ဒေသနဲ့ မောင်းနှင်မှု ပုံစံပေါ်မှာ မူတည်ပြီး ကွဲပြားမှု ရှိပါတယ်။

Electric vehicles now cost no more to own than gas cars while significantly  lowering emissions, according to MIT

သန့်ရှင်းတဲ့ စွမ်းအင်ကို အဓိကသုံးစွဲတဲ့ ဒေသတွေမှာ အီးဗီတွေရဲ့ အကျိုးကျေးဇူးကို ပိုမိုသိသာစွာ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ယာဉ်ကြောပိတ်ဆို့မှု၊ မောင်းနှင်သည့် အကွာအဝေးနဲ့ ရာသီဥတုတို့ကလည်း သက်ရောက်မှုရှိပြီး အလွန်အေးစက်တဲ့ ရာသီဥတုမှာ ဘက်ထရီစွမ်းဆောင်ရည် အနည်းငယ် ကျဆင်းနိုင်ပေမယ့် တစ်နှစ်တာလုံးစာ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်စွမ်းပေါ်မှာတော့ ထိခိုက်မှု အလွန်နည်းပါးတာကို တွေ့ရှိရပါတယ်။

MIT study finds EVs beat gas cars on emissions, even where coal powers the  grid

ကားနဲ့ ဘက်ထရီ စတင်ထုတ်လုပ်စဉ်ကတည်းက စွမ်းအင်သုံးစွဲမှုအချို့ ရှိနေပေမယ့်လည်း ဒေသတွင်း လျှပ်စစ်ဓာတ်အားလိုင်းတွေ ပိုမိုသန့်ရှင်းလာတာနဲ့အမျှ အီးဗီတွေရဲ့ ပတ်ဝန်းကျင် ထိခိုက်မှုဟာ အချိန်နဲ့အမျှ ပိုမိုနည်းပါးလာမှာ ဖြစ်ပါတယ်။ အီးဗီတွေဟာ ပတ်ဝန်းကျင် ထိခိုက်မှုကို လုံးဝမရှိအောင် မတားဆီးနိုင်သေးပေမယ့် ပုံမှန်ဓာတ်ဆီကားတွေနဲ့ ယှဉ်ရင်တော့ ကမ္ဘာ့လေထုကို အမြောက်အမြား ကာကွယ်ပေးထားနိုင်ကြောင်း MIT သုတေသနက ထောက်ပြထားပါတယ်။

Ref : Technology Innovation