Unicode

Sony ကနေ လာမယ့် ၂၀၂၀ ခုနှစ်မှာ Xperia စမတ်ဖုန်းအသစ်တွေကို အနည်းဆုံး ၂ မျိုးထက်မနည်းမိတ်ဆက်လာမှာဖြစ်ပါတယ်။ အဆိုပါ Xperia ဖုန်းတွေကလည်း ဒီနှစ်အစောပိုင်းမှာ မိတ်ဆက်ထားတဲ့ Xperia ဖုန်းတွေလိုမျိုးပဲ 21:9 Ratio Display တွေကို အသုံးပြုလာမယ့်အပြင် နောက်ထပ် Feature တစ်ခုပါ ပါဝင်လာမယ့်ပုံစံပါပဲ။

အခုသတင်းကိုတော့ Sony ကနေ WIPO Global Design Database အတွက် မူပိုင်ခွင့်ရယူလိုက်တဲ့ ဖုန်း Design ပုံတွေကနေ သိရတာဖြစ်ပြီး Multi-window Feature အသစ်အပြင် ဘေးဘောင်တွေကလည်း ဖုန်းအောက်ခြေကလွဲရင် ပိုပြီး ပါးလွှာနေတာကို တွေ့ရပါတယ်။

အခု ဓါတ်ပုံတွေအရ Sony ဟာ လာမယ့် Xperia ဖုန်းတွေမှာ လက်ရှိ Galaxy Note 10 Series ဖုန်းတွေလိုမျိုး Selfie Camera ကို ဖုန်းရဲ့ အပေါ်ဘက်မှာ Punch-hole Display အနေနဲ့ ထည့်သွင်းလာဖို့များနေပါတယ်။ အဆိုပါ Xperia စမတ်ဖုန်းရဲ့ Render ပုံကိုလည်း LetsGoDigital ကနေ ဖော်ပြခဲ့ပါသေးတယ်။

Sony ဟာ လာမယ့် ၂၀၂၀ ခုနှစ် IFA Event မှာ Snapdragon 865 ၊ RAM 12GB ၊ QHD Display ၊ 6 Camera အပြင် 5G Support ပါ ပါဝင်တဲ့ Xperia 3 ကို မိတ်ဆက်သွားဖို့ရှိနေပြီးတော့ အခု Hole-Punch Display လည်းပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref – GSM Arena

Zawgyi

Sony ကေန လာမယ့္ ၂၀၂၀ ခုႏွစ္မွာ Xperia စမတ္ဖုန္းအသစ္ေတြကို အနည္းဆုံး ၂ မ်ိဳးထက္မနည္းမိတ္ဆက္လာမွာျဖစ္ပါတယ္။ အဆိုပါ Xperia ဖုန္းေတြကလည္း ဒီႏွစ္အေစာပိုင္းမွာ မိတ္ဆက္ထားတဲ့ Xperia ဖုန္းေတြလိုမ်ိဳးပဲ 21:9 Ratio Display ေတြကို အသုံးျပဳလာမယ့္အျပင္ ေနာက္ထပ္ Feature တစ္ခုပါ ပါဝင္လာမယ့္ပုံစံပါပဲ။

အခုသတင္းကိုေတာ့ Sony ကေန WIPO Global Design Database အတြက္ မူပိုင္ခြင့္ရယူလိုက္တဲ့ ဖုန္း Design ပုံေတြကေန သိရတာျဖစ္ၿပီး Multi-window Feature အသစ္အျပင္ ေဘးေဘာင္ေတြကလည္း ဖုန္းေအာက္ေျခကလြဲရင္ ပိုၿပီး ပါးလႊာေနတာကို ေတြ႕ရပါတယ္။

အခု ဓါတ္ပုံေတြအရ Sony ဟာ လာမယ့္ Xperia ဖုန္းေတြမွာ လက္ရွိ Galaxy Note 10 Series ဖုန္းေတြလိုမ်ိဳး Selfie Camera ကို ဖုန္းရဲ႕ အေပၚဘက္မွာ Punch-hole Display အေနနဲ႔ ထည့္သြင္းလာဖို႔မ်ားေနပါတယ္။ အဆိုပါ Xperia စမတ္ဖုန္းရဲ႕ Render ပုံကိုလည္း LetsGoDigital ကေန ေဖာ္ျပခဲ့ပါေသးတယ္။

Sony ဟာ လာမယ့္ ၂၀၂၀ ခုႏွစ္ IFA Event မွာ Snapdragon 865 ၊ RAM 12GB ၊ QHD Display ၊ 6 Camera အျပင္ 5G Support ပါ ပါဝင္တဲ့ Xperia 3 ကို မိတ္ဆက္သြားဖို႔ရွိေနၿပီးေတာ့ အခု Hole-Punch Display လည္းပါဝင္လာႏိုင္ဖြယ္ရွိေနပါတယ္။

Ref – GSM Arena