အမေရိကန် ဖက်ဒရယ် အေဂျင်စီများအနေနဲ့ တရုတ်နဲ့ အခြား ရန်ဘက်နိုင်ငံတွေက ထုတ်လုပ်တဲ့ လူတူစက်ရုပ် (humanoid robots) တွေအပါအဝင် မြေပြင်အခြေစိုက် အဝေးထိန်း စက်ရုပ်တွေကို ဝယ်ယူသုံးစွဲတာ ပိတ်ပင်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက ဥပဒေကြမ်းတစ်ခု တင်သွင်းလိုက်ပါတယ်။ ဒီလိုပိတ်ပင်ရတာဟာ အမျိုးသား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

US lawmakers to introduce bill to ban government use of Chinese robots |  Reuters

ဒီဥပဒေကြမ်းကို ထောက်ခံသူတွေကတော့ အဲဒီစက်ရုပ်တွေဟာ အထိအခိုက်မခံတဲ့ အချက်အလက်တွေကို ရယူတာ၊ ပြည်ပကို သတင်းအချက်အလက်တွေ လွှဲပြောင်းပေးပို့တာနဲ့ အဝေးကနေ ထိန်းချုပ်ခံရနိုင်ခြေတွေ ရှိနေတာကြောင့် စိုးရိမ်ရတယ်လို့ ပြောပါတယ်။ အဆိုပါ ဥပဒေဟာ အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ အဓိက အခြေခံအဆောက်အအုံတွေကို ဆိုင်ဘာနဲ့ ထောက်လှမ်းရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေရန်ကနေ ကာကွယ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

US targets Chinese robots over security fears

အဆိုပါ ဥပဒေကြမ်းဟာ ဖက်ဒရယ် အေဂျင်စီတွေအပေါ် သက်ရောက်မှုရှိမှာဖြစ်ပြီး တင်းကြပ်တဲ့ လုံခြုံရေး စည်းကမ်းချက်တွေအောက်မှာ စစ်တပ်နဲ့ တရားဥပဒေ စိုးမိုးရေး အေဂျင်စီတွေ သုတေသနနဲ့ စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ဖို့အတွက်တော့ အကန့်အသတ်နဲ့ ကင်းလွတ်ခွင့် ပေးထားပါတယ်။ ဒီဥပဒေ အတည်ဖြစ်လာရင် အမေရိကန် အစိုးရအနေနဲ့ တရုတ်ထုတ် လူတူစက်ရုပ်တွေနဲ့ အခြား မြေပြင်အခြေစိုက် စက်ရုပ်တွေ သုံးစွဲမှုကို သီးသန့် ပိတ်ပင်သည့် ပထမဆုံး ဥပဒေတွေထဲက တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

Ref : Technology Innovation