[Zawgyi]





[Unicode]

Snapdragon 632 ကို အသုံးပြုထားတဲ့ Honor 8C ကို ဇန်နဝါရီလ ၂၈ရက်နေ့မှာ မြန်မာနိုင်ငံတွင် မိတ်ဆက်မည်

ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်– Honor Myanmar ၏ တရားဝင် Facebook စာမျက်နှာတွင် Honor C-series မှ နောက်ဆုံးပေါ်ဖုန်းဖြစ်သည့် Honor 8C အကြောင်းကို ယနေ့ထုတ်ပြန်လိုက်သည်။

၂၀၁၈ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော စမတ်ဖုန်းများအနက် Honor 8C တွင် အကြီးမားဆုံးသော ဘက်ထရီ ပါဝင်လာပြီး ၎င်းဖုန်းအသစ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မိတ်ဆက်ရောင်းချသွားမည် ဖြစ်ပါသည်။ Honor 8C တွင် ထည့်သွင်းထားသည့် 4,000mAh ဘက်ထရီသည် မိုဘိုင်းဖုန်းပေါ်မှ တစ်ဆင့် အွန်လိုင်းဂိမ်းကစားသူများနှင့် အင်တာနက်မှတစ်ဆင့် ရုပ်ရှင်နှင့် ဗီဒီယိုကြည့်ရှုသူများအနေဖြင့် စိတ်တိုင်းကျ ဖုန်းအသုံးပြုနိုင်ရန် အကောင်းဆုံးပံ့ပိုးပေးထားသဖြင့် သုံးစွဲသူများ၏ နေ့စဉ်ဘဝတွင် ပိုမိုအဆင်ပြေလာစေမည်ဖြစ်သည်။

19:9 အချိုးရှိ FullView ဖန်သားပြင်နှင့် စွမ်းဆောင်ရည် မြင့်မားသည့် Processor တို့ပါဝင်လာသည့် Honor 8C ကို ၂၀၁၈ခုနှစ် အောက်တိုဘာတွင် အိန္ဒိယနှင့် တရုတ်တို့တွင် စတင်မိတ်ဆက်ခဲ့ပြီး အောင်မြင်မှုမှတ်တိုင်များစွာကို ရရှိခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတကာဈေးကွက် အခြေအနေအရ Honor 8C ၏ ဈေးနှုန်းမှာ 299,999 ကျပ် ရှိမည်ဟု ခန့်မှန်းထားပါသည်။ Honor 8C တွင် စွမ်းဆောင်ရည်မြင့်မားပြီး အဆင့်မြင့် လုပ်ဆောင်ချက်များကို ပံ့ပိုးထားသည့် Octa-core Snapdragon 632 Chipset တို့ဖြင့် အင်အားဖြည့် ထားပြီး ပြိုင်ဘက်များအကြား ဈေးနှုန်းသက်သာပြီး စမတ်ဖုန်း ဈေးကွက်တွင် ဦးဆောင်မည့် ဖုန်းတစ်လုံး ဖြစ်ပါသည်။

Honor Myanmar သည် စွမ်းဆောင်ရည်အပြည့် Honor 8C မိတ်ဆက်ပွဲအခမ်းအနားကို သုံးစွဲသူများ အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ရန် တိုက်ရိုက် ထုတ်လွှင့်မှုကို တင်ဆက်သွားမည်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကာလအတွင်း Honor 8C ၏ ဈေးနှုန်းကို မှန်ကန်စွာ ခန့်မှန်းနိုင်သည့် ကြည့်ရှုသူများအနေဖြင့် အသစ်စက်စက် Honor 8C ဖုန်းကို လက်ဆောင်ရနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။