AI ကို ဖုန်း ကုမ္ပဏီတွေက သူတို့ရဲ့ ဖုန်းတွေမှာ အပြိုင်အဆိုင် ထည့်သွင်းပေးနေကြပါတယ်။ အသစ်ထွက်လာတဲ့ DeepSeek ဟာ ဖုန်း ကုမ္ပဏီတွေအတွက် ထိပ်ဆုံးက ရွေးချယ်စရာ ဖြစ်လာပါတယ်။
Huawei က သူ့ရဲ့ Cloud Service တွေမှာ DeepSeek ကို ထည့်သွင်းမယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ အခုတော့ Honor က တရုတ်မှာ YOYO Assistant မှာ DeepSeek ထည့်သွင်းမယ်လို့ ပြောပါတယ်။ OPPO ရဲ့ နောက်ထွက်မယ့် Find N5 မှာ DeepSeek ပါလာမှာ ဖြစ်ပါတယ်။
အခုကစပြီး MagicOS 8.0 နဲ့ အထက်ပါတဲ့ Honor စမတ်ဖုန်းတွေမှာ အဆင့်မြင့် DeepSeek R1 Model ကို အသုံးပြုဖို့ YOYO Assistant ကို Upgrade လုပ်နိုင်ပါပြီ။ User တွေဟာ YOYO Version 80.0.1.503 နဲ့ အထက် ရှိရမှာ ဖြစ်ပြီး YOYO ကို ဖွင့်ကာ DeepSeek R1 ကို ရွေးချယ်နိုင်ပါတယ်။
Honor က DeepSeek Model ဟာ YOYO Assistant ရဲ့ စွမ်းရည်ကို တိုးတက်စေမှာ ဖြစ်ပြီး Deep Thinking , Intelligent Interaction နဲ့ Personalized Service တွေ ပါလာမယ်လို့ ပြောပါတယ်။
Ref : gsmarena