iQOO က Z10 Turbo နဲ့ Z10 Turbo Pro ကို ကြေညာလိုက်ပြီး ကြီးမားတဲ့ Battery တွေ ထည့်သွင်းထားပါတယ်။ Pro မှာ Qualcomm ရဲ့ Snapdragon 8s Gen 4 Chipset အသစ်ကို သုံးထားပြီး 120W Wired Charging ပါတဲ့ 7,000mAh Battery ထည့်သွင်းထားပါတယ်။
ရိုးရိုး Turbo မှာ MediaTek Dimensity 8400 Chipset ပါလာပြီး 90W Charging ထောက်ပံ့တဲ့ 7,620mAh Battery ထည့်သွင်းထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ OTG Reverse Wired Charging ပါတဲ့အတွက် တခြားဖုန်းတွေကို အားသွင်းပေးနိုင်ပါတယ်။
ကျန်တဲ့ Specs တွေက ဖုန်း ၂ လုံးမှာ တူညီကြပါတယ်။ 6.78” AMOLED FHD+ Display တပ်ထားပြီး 144Hz Refresh Rate နဲ့ 2,000 Nits Peak Brightness ပါပါတယ်။ Display အောက်မှာ Optical Fingerprint Scanner မြှပ်နှံထားပြီး 16MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။
ဖုန်း ၂ လုံးစလုံးမှာ IP65 ရေစိုခံစံနှုန်း၊ Android 15 အခြေပြု OriginOS 5 ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main ကင်မရာ တပ်ထားပြီး Pro မှာ 8MP Ultrawide နဲ့ ရိုးရိုးမှာ 2MP Depth ကင်မရာ ပါပါတယ်။
iQOO Z10 Turbo နဲ့ Z10 Turbo Pro အတွက် Black, Whtie, Orange နဲ့ Beige အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Z10 Turbo ရဲ့ 12/256GB ကို ၂၄၆ ဒေါ်လာနဲ့ Z10 Turbo Pro က ၂၇၄ ဒေါ်လာ ဖြစ်ပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။
ref : gsmarena