Laptop တစ်လုံးဝယ်တော့မယ်ဆိုရင် စျေးကို ဒေါ်လာထောင်နဲ့ချီပြီး သုံးနိုင်တယ်ဆိုရင်တော့ စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်ကစျေးကိုလည်း အနည်းဆုံးသုံးပြီး စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းချက်အနည်းဆုံး Laptop ကို ရှာမယ်ဆိုရင်တော့ ရွေးချယ်ရတာခက်ခဲနေမှာပါ။
အခု စျေးကွက်ထဲကို ဝင်ရောက်လာတဲ့ Lenovo IdeaPad 3 Laptop ဟာဆိုရင် စျေးအနေနဲ့ $459 ကနေ စတင်တဲ့အတွက် တော်တော်လေးကို စျေးသက်သာနေပါတယ်။ Processor အနေနဲ့ကလည်း Intel ရဲ့ Latest 10th Generation Processor ကို သုံးထားတယ်၊ ပြီးတော့ စျေးသက်သာတဲ့ Laptop တစ်လုံး ဆိုပေမယ့် Nvidia MX130 Graphic Card လည်း ပါဝင်ဦးမှာပါ။ ဒါ့ကြောင့် ဒီ Lenovo IdeaPad 3 Laptop ကို စမ်းသုံးပြီး Review လုပ်ပေးလိုက်ပါတယ်။
Design
အရင်ဆုံး Design ပိုင်းကို ကြည့်ရင်တော့ Lenovo IdeaPad 3 က Platinum Grey ဆိုတဲ့အတိုင်း တကယ့် Meta Texture ပုံစံလုပ်ပေးထားတာက တော်တော်လေးကို Premium ဆန်တဲ့ခံစားချက်ကို ရပါတယ်။ သဘောကျဖို့ကောင်းတဲ့တစ်ချက်က ဒီလိုမျိုး Platinum Texture တွေကို တခြား Laptop တွေလိုမျိုး Display Lid နောက်ဖက်မှာတင် ထည့်ထားတာမဟုတ်ဘဲ Keyboard နေရာတစ်ဝိုက်မှာပါ ထည့်ပေးထားတာလေးက တော်တော်လေးကို မိုက်ပါတယ်။
ပြီးတော့ နောက်ထပ်ကြိုက်မိတဲ့အချက်က အသုံးများတဲ့ USB ၊ HDMI နဲ့ Power Port တွေကို ဘယ်ဘက်မှာပဲ အကုန်ခွဲထားပြီးတော့ ညာဘက်မှာ SD Card Slot နဲ့ 3.5mm Audio Port ဆိုပြီး ခွဲထားလိုက်တာက Laptop ကို Mouse တို့ ဘာတို့နဲ့ တွဲသုံးတဲ့အချိန်မှာ ကြိုးတွေရှုပ်နေတာမျိုး မရှိတာကို သဘောကျမိပါတယ်။
Display ကတော့ 14” Full HD Resolution Display ကိုထည့်ပေးထားတယ်၊ Brightness ပိုင်းကလည်း 220Nits အထိရတော့ အဆင်ပြေတယ်။ ဒါပေမယ့် Viewing Angle ပိုင်းမှာတော့ IPS Panel အစား TN Panel ဖြစ်နေတော့ ဘေးဘက်ကကြည့်လို့တော့ သိပ်အားမရပါဘူး။ ဒါပေမယ့်လည်း ဒီ TN Panel ဖြစ်သွားတော့ IPS လိုမျိုး Glossy မဖြစ်တော့ဘဲ အပြင်ဘက်မှာသုံးမယ်ဆိုရင် Reflection ပြန်နေတာမျိုးမရှိတာက အားရဖို့ကောင်းပါတယ်။ Color ပိုင်းမှာကတော့ ပုံမှန် အိမ်သုံး၊ ရုံးသုံးအတွက် အဆင်ပြေတဲ့အဆင့်မှာရှိပါတယ်။ နောက်ပြီး 180-degree အထိ လှန်ချိုးထားလို့ရတဲ့ Display Hinge က ဒီလိုမျိုး Entry Laptop တွေထဲမှာတော်တော်လေးကို ရှားပါးနေတယ်လို့တောင် ပြောရမှာပါ။
Performance
Lenovo IdeaPad 3 မှာ Intel Core i3 – 10110U Processor ကိုသုံးပေးထားတယ်၊ Intel ရဲ့ နောက်ဆုံးထွက် 10th Generation Processor လည်းဖြစ်နေတော့ Core i3 ဖြစ်နေပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်းမှာ ပေးရတဲ့စျေးနဲ့တန်တယ်လို့ ပြောလို့ရပါတယ်။ ကြိုက်မိတာကတော့ Nvidia ရဲ့ Geforce MX130 2GB Graphic Card ပါ။ ဒီလိုမျိုး တော်တော်လေးကိုအဆင်ပြေတဲ့ Graphic Card ကို ဒီစျေးမှာထည့်ပေးလိုက်တာက ပုံမှန် ရုံးအတွက်၊ ကျောင်းအတွက် အိမ်သုံးလောက်တင်မဟုတ်ဘဲ CS:Go တို့ Dota 2 တို့လိုမျိုး Game တွေတောင်မှ ကောင်းကောင်းဆော့လို့ရတာကတော့ အားရဖို့ကောင်းပါတယ်။
ဒါပေမယ့်လည်း RAM အနေနဲ့ကတော့ 4GB DDR4 ကိုပဲ ထည့်ပေးထားပြီး Storage ပိုင်းမှာလည်း SSD တွေအစား 1TB HDD ကိုပဲ သုံးထားပေးပါတယ်။ ဒီလိုမျိုး 1TB HDD က Data တွေသိမ်းတာများတဲ့သူတွေအတွက်ကတော့ ပိုပြီးအဆင်ပြေတယ်ဆိုပေမယ့် ကိုယ်က Windows တက်တာကို ပိုမြန်ချင်တယ်၊ Application တွေဖွင့်တဲ့ Loading Time ကိုပိုလျော့ချချင်တယ်ဆိုရင်တော့ နောက်ပိုင်း HDD အစား SSD ကို Upgrade လုပ်ဖို့တော့ အကြံပေးချင်ပါတယ်။
စွမ်းဆောင်ရည်ပိုင်းကတော့ ပေးရတဲ့စျေးနဲ့တန်တယ်လို့ ပြောလို့ရပြီးတော့ Nvidia Geforce MX130 Graphic Card ကြောင့် ပုံမှန်အလုပ်အတွက်သီးသန့်သုံးမယ့်သူတွေထက် Game ဆော့ဖြစ်မယ်၊ ဒါမှမဟုတ် Photo Editing ၊ Video Editing လိုမျိုး အသေးစား Editing Software တွေလည်း သုံးဖြစ်ဖို့ရှိတယ်ဆိုရင် Recommend ပေးလို့ ရနိုင်တဲ့ Laptop တစ်လုံးပါ။
Keyboard/TouchPad
Keyboard အနေနဲ့ကတော့ Entry Laptop တစ်လုံးဖြစ်တဲ့အတွက် Backlit တော့ပါဝင်ခြင်းမရှိပေမယ့် စာရိုက်ကြည့်တဲ့အချိန်မှာတော့ Clicky ဖြစ်သလို၊ ပြန်ရတဲ့ Feedback က အားရဖို့ကောင်းပါတယ်။ ရုံးလုပ်ငန်းတွေအတွက် စာရိုက်ရတဲ့သူတွေအတွက် အဆင်ပြေမှာဖြစ်သလို ပုံမှန်အသုံးပြုမယ့်သူတွေလည်း သဘောကျမှာပါ။ ကျန်တဲ့ TouchPad အနေနဲ့ကတော့ Windows Precision Driver ကို အသုံးပြုထားတဲ့အတွက် Multi-fingers Gesture တွေကိုပါ Support ပေးနိုင်ဦးမှာပါ။
Others
Audio Quality ပိုင်းမှာ Dolby Audio စနစ်ကိုအသုံးပြုထားပေမယ့် နားထောင်တဲ့အချိန်မှာတော့ အဆင်ပြေတဲ့အဆင့်မှာပဲရှိနေပါတယ်။ Battery အနေနဲ့ 35Wh Battery ကိုအသုံးပြုထားပြီး ပုံမှန်ရုံးသုံးအနေနဲ့ အသုံးပြုမယ်ဆိုရင် အဆင်ပြေပြေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ကြိုက်မိတဲ့နောက်တစ်ချက်တော့ တခြားသော High End Lenovo Laptop တွေမှာလိုမျိုး Webcam ကို Privacy Shutter နဲ့ ပိတ်ထားလို့ရတာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်း Work From Home နေထိုင်ရတဲ့အချိန်မှာ Video Conferencing ပြုလုပ်နေရတဲ့သူတွေအတွက်ကတော့ ဒီ Feature ကအရမ်းကို အသုံးဝင်တဲ့ Feature တစ်ခုလို့တောင် ပြောရမှာပါ။
အဲ့ဒီအတွက်နောက်ဆုံး အဆုံးသတ်ရမယ်ဆိုရင် စျေးလည်းသက်သာပြီး ဘက်စုံ CPU နဲ့ GPU ပိုင်းမှာပါ စျေးနဲ့တန်တဲ့ စွမ်းဆောင်ရည်ကို လိုချင်တယ်ဆိုရင် ဒီ Lenovo IdeaPad 3 Laptop ကရွေးချယ်သင့်တဲ့ Laptop တွေထဲက တစ်လုံးလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် Webcam Privacy Shutter လိုမျိုး Feature တွေက ရုံးအလုပ်လုပ်နေတဲ့သူတွေအတွက် တကယ်ကို အသုံးဝင်မှာပါ။
Lenovo IdeaPad 3 Laptop ကို အမြို့မြို့ အနယ်နယ်က KMD Computer & Mobile ဆိုင်တွေမှာ ရောင်းချနေတယ်လို့ သိရပါတယ်။