မန်ယူ ဟာ Old Trafford အနားမှာ လူ ၁၀၀,၀၀၀ ကြည့်နိုင်တဲ့ စတာလင်ပေါင် ၂ ဘီလီယမ် တန်ကြေးရှိ ဘောလုံးကွင်းအသစ်ကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ယူကေ မှာ အကြီးမားဆုံး ဘောလုံးကွင်း ဖြစ်လာမှာပါ။

Manchester United to Construct New 100,000-Seat Stadium in England

Foster+Partners က ဒီဇိုင်းဆွဲထားမှာ ဖြစ်ပြီး Solar Panel တွေ ပါတဲ့ ထီးလို ခေါင်မိုး တစ်ခု တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် စွမ်းအင် သုံးစွဲမှုကို လျှော့ချပေးနိုင်ပါတယ်။

Manchester United new stadium plan for Old Trafford announced | Football  News | Al Jazeera

ဘောလုံးကွင်းမှာ ကြီးမားတဲ့ ပလာဇာ တစ်ခု ထည့်သွင်းထားမှာ ဖြစ်ပြီး အဆင့်မြင့် သယ်ယူပို့ဆောင်ရေး စနစ်တွေ ပါလာမှာ ဖြစ်ပါတယ်။ အမြင့် ၂၀၀ မီတာ ရှိတဲ့ တာဝါ ၃ ခု တည်ဆောက်ထားမှာ ဖြစ်ပြီး ၂၅ မိုင် အကွာအဝေးကနေ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

မန်ယူဟာ ဘောလုံးကွင်းအသစ် မပြီးစီးခင်အထိ Old Trafford ဘောလုံးကွင်းမှာပဲ ကစားမှာ ဖြစ်ပါတယ်။ မန်ယူရဲ့ ဘောလုံးကွင်းအသစ်ဟာ အလုပ်အကိုင် ၉၂,၀၀၀ ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပြီး ယူကေ စီးပွားရေးအတွက် စတာလင်ပေါင် ၇.၃ ဘီလီယမ် ရရှိစေမှာ ဖြစ်ပါတယ်။ ၅ နှစ်အတွင်း ဘောလုံးကွင်း အသစ်ကိုပြီးစီးအောင် တည်ဆောက်မှာ ဖြစ်ပါတယ်။

Ref : Technology Innovation