တရုတ် ကုမ္ပဏီ DeepSeek ရဲ့ AI Chatbot ကို အသုံးပြုသူ တစ်ဟုန်ထိုးမြင့်တက်လာတဲ့အတွက် Nvidia ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၆၀၀ ဘီလီယမ်နီးပါး ကျဆင်းသွားပါတယ်။ အမေရိကန် သမိုင်းမှာ တစ်ရက်ထဲ အကြီးမားဆုံး ဆုံးရှုံးသွားတဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ Nvidia ရဲ့ စတော့ ဈေးနှုန်းဟာ ၁၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ရှယ်ယာ တစ်ခုကို ၁၁၈.၅၈ ဒေါ်လာဖြစ်ခဲ့ပါတယ်။ ကိုဗစ် ကပ်ရောဂါ အစပိုင်းနေ့ရက်တွေ ဖြစ်တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့နောက်ပိုင်း Nvidia ရဲ့ ဈေးကွက်တန်ဖိုး အကျဆင်းဆုံး နေ့ ဖြစ်ခဲ့ပါတယ်။
DeepSeek ကြောင့် တခြား အမေရိကန်နဲ့ ဥရောပ ကုမ္ပဏီတွေကိုလည်း ထိခိုက်နေပါတယ်။ တနင်္လာနေ့မှာ Broadcom ဟာ ၁၇.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တခြားနည်းပညာ ကုမ္ပဏီတွေလည်း ထိခိုက်ခဲ့ပြီး Microsoft က ၂.၁၅ ရာခိုင်နှုန်း၊ Google ပိုင်ရှင် Alphabet က ၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။
ဥရောပမှာ နယ်သာလန် Chip ထုတ်လုပ်သူ ASML ရဲ့ ရှယ်ယာတန်ဖိုးဟာ ၇ ရာခိုင်နှုန်း AI Hardware ထုတ်လုပ်တဲ့ Siemens Energy ဟာ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
တရုတ် AI ကုမ္ပဏီ DeepSeek ဟာ ကမ္ဘာ့ AI နယ်ပယ်မှာ ကြီးမားတဲ့ ပြိုင်ဖက် ဖြစ်လာပါတယ်။ ဒီဇင်ဘာလမှာ DeepSeek ဟာ အခမဲ့ Open-source Language Model ကို ဖြန့်ချိခဲ့ပြီး ဒေါ်လာ ၆ သန်းထဲနဲ့ လေ့ကျင့်သင်ကြားပေးထားတာ ဖြစ်ပါတယ်။ ဒါဟာ ပြိုင်ဖက်တွေထက် ဒေါ်လာ ဘီလီယမ်နဲ့ချီကာ နည်းပါးနေပါတယ်။ ငွေကြေး အနည်းငယ်နဲ့ ဖန်တီးထားတဲ့ DeepSeek ဟာ အချိန်တိုအတွင်း အောင်မြင်လာတာ အံ့အားသင့်စရာ ကောင်းပါတယ်။
Ref : Gizchina