[Unicode]

ပြီးခဲ့တဲ့သောကြာနေ့က အူရီဒူးမြန်မာမှ စီစဉ်တင်ဆက်လိုက်တဲ့ “The 4G Fastest” ပြိုင်ပွဲကြီးရဲ့ ပထမပိုင်းအစီအစဉ်မှာတော့ မတူညီတဲ့ အနုပညာနယ်ပယ် (၄) ခုမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေထဲကမှ တစ်ဦးကတော့ သူရဲ့ထူခြားတဲ့ အမိုက်စားတင်ဆက်မှုတွေနဲ့အတူ ဒိုင်တွေ အားလုံးရဲ့စိတ်အာရုံတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

“The 4G Fastest” ပြိုင်ပွဲကြီးရဲ့ ပထမဆုံးဖျော်ဖြေတင်ဆက်မှုဖြစ်တဲ့အတွက် ဒိုင်တွေအားလုံးလည်း အရမ်းကို ရင်ခုန်နေခဲ့ကြပြီး ပြိုင်ပွဲဝင်တွေအားလုံးကလည်း သူတို့ရဲ့ကျွမ်းကျင်မှု Talent တွေကို အကောင်းဆုံးတင်ဆက်သွားခဲ့ကြကာ တစ်ယောက်တစ်မျိုးမတူညီတဲ့ ရသတွေနဲ့ ဒိုင်တွေကို ရန်ခုန်စေခဲ့တာဖြစ်ပါတယ်။ ဒီလိုအမိုက်စား Talent တွေကိုထုတ်ပြပြီး ပြိုင်ပွဲဝင်သွားကြတဲ့ ပြိုင်ပွဲဝင်တွေထဲကမှ တစ်ဦးဖြစ်တဲ့ ဂီတာသမား မျိုးလင်းကြည်ကတော့ သူရဲ့ထူးခြားတဲ့ ဂီတာတီးခတ်မှုပုံစံတွေနဲ့ ဒိုင်လေးဦးစလုံးရဲ့ သဘောကျနှစ်သက်မှုကိုရရှိခဲ့ကာ Guitarist ဒိုင်တစ်ဦးဖြစ်တဲ့ ဂစ်တာနိုင်ဇော်ရဲ့ ရွေးချယ်မှုနဲ့ အတူ အနိုင်ရရှိတဲ့ပြိုင်ပွဲဝင်တွေ ထိုင်ရမယ့် ထိုင်ခုံ ၄ ခုံမှာ ပထမဆုံး ထိုင်ခွင့်ရရှိသွားခဲ့ပါတယ်။

ပြိုင်ပွဲပထမပိုင်းအစီအစဉ်မှာ ပြိုင်ပွဲဝင်ဂီတာသမား လက်ခေါင်နဲ့ အတူယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး မျိုးလင်းကြည်ရဲ့ ထူးခြားလှတဲ့ ဂီတာတီးခတ်မှုပုံစံတွေ အမိုက်စားလက်ကွက်တွေနဲ့ တီးခတ်သွားမှုတွေက ဒိုင်တွေအားလုံးကို သဘောကျနှစ်သက်စေခဲ့တာပဲဖြစ်ပါတယ်။ မျိုးလင်းကြည်အနေနဲ့ နောက်ထပ်အဆင့်တွေမှာ တခြားသောဂီတာပြိုင်ပွဲဝင်တွေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားဦးမှာဖြစ်ပြီး အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းကာ ထိုင်ခုံမှမဖယ်ရရေးအတွက် အပြင်းအထန်ကြိုးစားသွားရဦးမှာဖြစ်ပါတယ်။ ပြိုင်ပွဲအစီအစဉ်ဒုတိယပိုင်းကိုတော့ ယနေ့ November (၁၅) ရက်နေ့ သောကြာနေ့ညမှာ စောင့်မျှော်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ပြိုင်ပွဲဝင် မျိုးလင်းကြည်ရဲ့ အမိုက်စားတီးခတ်မှု ပုံရိပ်တွေကိုလည်း အောက်ကဗီဒီယိုလေးမှာကြည့်ရှုလိုက်ပါဦးနော်။

အူရီဒူးမြန်မာမှ ကြီးမှူးကျင်းပတဲ့ “The 4G Fastest” ပြိုင်ပွဲကြီးကတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေထဲကမှ အတော်ဆုံး အရည်အချင်းအရှိဆုံး လူငယ်တွေကို ရှာဖွေမွေးထုတ်ပေးမယ့် ရည်ရွှယ်ချက်နဲ့ ပြုလုပ်ကျင်းပပေးခဲ့တဲ့ ပြိုင်ပွဲကြီးဖြစ်ပြီး မတူညီတဲ့အနုပညာနယ်ပယ်လေးမျိုးဖြစ်တဲ့ ရက်ပ်အဆိုတော်များ၊ BeatBoxer များ၊ ဂီတာသမားများနဲ့ အကပညာရှင်များ စတဲ့ နယ်ပယ်အသီးသီးမှ ပြိုင်ပွဲဝင်တွေကနေ သူတို့တတ်ကျွမ်းထားတဲ့ အမိုက်စား Talent တွေကို ဖော်ထုတ်ပြသ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားတစ်ခုစီအတွက် သက်ဆိုင်ရာပြိုင်ပွဲဝင် (၄) ယောက်မှ Head-To-Head Battle ပုံစံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အမြန်ဆုံးအတော်ဆုံးပြိုင်ပွဲဝင် တစ်ယောက်ကို အဆင့်ဆင့် ပြန်လည်ရွေးချယ်သွားမှာဖြစ်ပါတယ်။

“The 4G Fastest” ပြိုင်ပွဲကြီးမှာပါဝင်တဲ့ ဒိုင်လူကြီး (၄)ဦး ကတော့ မိစန္ဒီ (Rapper Judge), စည်ဖြိုးမင်း (Beatboxer Judge), နိုင်ဇော် (Guitarist Judge) နဲ့ Falcon (Dancer Judge) တို့ဖြစ်ပြီး ဒိုင်လေးဦးမှ သက်ဆိုင်ရာပြိုင်ပွဲဝင်တွေကို တာဝန်ယူအကဲဖြတ်ပေးမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေထဲကမှ အမြန်ဆုံးအတော်ဆုံး ပြိုင်ပွဲဝင် ၁၆ ယောက်ကိုရွေးထုတ်ပြီး ပြိုင်ပွဲတစ်လျောက် လေ့ကျင့်သင်ကြားပေးမှုတွေကိုလည်း ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကာလကတော့ ၁ လခန့်ကြာမြင့်မှာဖြစ်ပြီး ပြိုင်ပွဲကာလ ၄ ပတ်တာယှဉ်ပြိုင်မှု အစီအစဉ်တစ်ပိုင်းစီကို အူရီဒူးမြန်မာ Facebook Page ၊ YouTube နဲ့ Website တွေမှာ ပြန်လည်ထုတ်လွင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။ အူရီဒူးဆင်းကဒ်အသုံးပြုသူတွေအနေနဲ့ ပြိုင်ပွဲအစီအစဉ်အားလုံးကို တစ်လလုံးစာ 500MB တည်းဖြင့် အူရီဒူးမြန်မာဝက်ဘ်ဆိုဒ်မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Ooredoo “The 4G Fastest” ပြိုင်ပွဲကြီးရဲ့ ပထမပိုင်းမှာ အမိုက်စားယှဉ်ပြိုင်သွားခဲ့ကြတဲ့ ပုံရိပ်တွေကို အောက်ပါ Link မှာ ကြည့်ရှူနိုင်ပါတယ်။

The 4G Fastest Episode 1

အူရီဒူးရဲ့ ‘The 4G Fastest’ အစီအစဉ် စတင်ပါပြီ! ???ဒီအစီအစဉ်ရဲ့ အပိုင်း ၁ ကို အူရီဒူးမြန်မာ Facebook page အပြင် Youtube channel နဲ့ ဝက်ဘ်ဆိုက်တို့မှာလည်း ကြည့်ရှုနိုင်ပါတယ်အနုပညာနယ်ပယ် ၄ မျိုးက ပြိုင်ပွဲဝင်တွေရဲ့ အလန်းစား ယှဉ်ပြိုင်ဖျော်ဖြေမှုတွေ၊ ဒိုင်လူကြီးမင်းတွေရဲ့ အကဲဖြတ်သုံးသပ်မှုတွေနဲ့ ဒီအပိုင်းမှာ ကိုယ်ကြိုက်နှစ်သက်တဲ့အချက်တွေကို ပြောပေးခဲ့ဦးနော်နောက်ထပ် အားကောင်းတဲ့ယှဉ်ပြိုင်မှုတွေကို အပတ်စဉ် သောကြာနေ့ည ၇ နာရီတိုင်း တင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုလိုက်ပါဦး…#Ooredoo4GFastestအသေးစိတ်သိရှိရန် : http://ore.do/4gfmHERE. WE. GO! It’s time to start 'The 4G Fastest' and meet the judges and contestants in this epic online series. ???We have uploaded the complete episode for you to enjoy on the Ooredoo website, Youtube channel, and right here on Facebook. Let us know what you think about the battles, judges’ comments and anything else you find awesome about this epic entertainment. The next set of battles will happen each Friday, 7PM so stay tuned!#Ooredoo4GFastestWatch More: http://ore.do/4gfe

Posted by Ooredoo Myanmar on Friday, November 8, 2019

[Zawgyi]








အူရီဒူးရဲ့ ‘The 4G Fastest’ အစီအစဉ် စတင်ပါပြီ! ???ဒီအစီအစဉ်ရဲ့ အပိုင်း ၁ ကို အူရီဒူးမြန်မာ Facebook page အပြင် Youtube channel နဲ့ ဝက်ဘ်ဆိုက်တို့မှာလည်း ကြည့်ရှုနိုင်ပါတယ်အနုပညာနယ်ပယ် ၄ မျိုးက ပြိုင်ပွဲဝင်တွေရဲ့ အလန်းစား ယှဉ်ပြိုင်ဖျော်ဖြေမှုတွေ၊ ဒိုင်လူကြီးမင်းတွေရဲ့ အကဲဖြတ်သုံးသပ်မှုတွေနဲ့ ဒီအပိုင်းမှာ ကိုယ်ကြိုက်နှစ်သက်တဲ့အချက်တွေကို ပြောပေးခဲ့ဦးနော်နောက်ထပ် အားကောင်းတဲ့ယှဉ်ပြိုင်မှုတွေကို အပတ်စဉ် သောကြာနေ့ည ၇ နာရီတိုင်း တင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုလိုက်ပါဦး…#Ooredoo4GFastestအသေးစိတ်သိရှိရန် : http://ore.do/4gfmHERE. WE. GO! It’s time to start 'The 4G Fastest' and meet the judges and contestants in this epic online series. ???We have uploaded the complete episode for you to enjoy on the Ooredoo website, Youtube channel, and right here on Facebook. Let us know what you think about the battles, judges’ comments and anything else you find awesome about this epic entertainment. The next set of battles will happen each Friday, 7PM so stay tuned!#Ooredoo4GFastestWatch More: http://ore.do/4gfe

Posted by Ooredoo Myanmar on Friday, November 8, 2019