[Unicode]

အစီအစဉ်၏ ပထမအဆင့်တွင် ပညာရေးကောလိပ် ၂၅ ခုနှင့် ဆရာအတတ်သင် ကျောင်း ၂၅ ကျောင်း ပါဝင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတဝန်းရှိ ဆရာ၊ ဆရာမဦးရေပေါင်း ၃၀၀ ခန့်အား သင်တန်းပို့ချပေးသွားနိုင်ရန် ရည်ရွယ်ထားသည်။

အူရီဒူးမြန်မာနှင့် Google တို့ပူးပေါင်း၍ ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ပြုလုပ်သွားမည့် ဒစ်ဂျစ်တယ် ဗဟုသုတ တိုးပွားစေရေးနှင့် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်သော ဒစ်ဂျစ်တယ် ကျင့်ဝတ် သင်တန်း အစီအစဉ်အား နိုင်ငံတဝန်းတွင်ယနေ့ စတင်ခဲ့ပါသည်။ ဤ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Private-Public initiative) မှတဆင့် မြန်မာနိုင်ငံ တဝန်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက် အရေးပါသော ကျွမ်းကျင်မှုနယ်ပယ် ၂ ခုတွင် ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်လုပ်ဆောင်သွားမည် ဖြစ်သည်။

နည်းပညာသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ ဘဝ ပိုမိုတိုးတက်လာစေရန် ကူညီဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပြီး ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဗဟုသုတများနှင့် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်သော ဒစ်ဂျစ်တယ် ကျင့်ဝတ်များအား သင်ကြားလေ့လာရခြင်း မှတဆင့် အင်တာနက်အား လူတိုင်းအတွက် ပိုမိုကောင်းမွန်သည့် နေရာတစ်ခု ဖြစ်လာစေရန် ကူညီသွားနိုင်မည်ဟု Google မှ ယုံကြည်ထားသည်။ အလားတူပင် အူရီဒူး အနေနှင့်လည်း ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ ကျွမ်းကျင်မှုများအား ပိုမိုမြင့်မားကောင်းမွန် လာစေရန် နှင့် အဆိုပါ ကျွမ်းကျင်မှုများအား တာဝန်သိစွာ အသုံးပြုတတ်စေရန် ပံ့ပိုးကူညီပေးသွားရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။ သို့ဖြစ်၍ အဆိုပါ အဖွဲ့အစည်း ၂ ခုလုံးသည် ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံတဝန်းတွင် သင်တန်းများအား ပို့ချသွားပေးသွားရန် ယခုကဲ့သို့ လက်တွဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“အူရီဒူးဟာ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ် ကဏ္ဌဖော်ဆောင်သူ ဦးဆောင်လျှက်ရှိပြီး တစ်ချိန်တည်းမှာပဲ နိုင်ငံရဲ့ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကိုလည်း ကူညီပံ့ပိုးပေးနေပါတယ်။ ကျွန်တော်တို့အားလုံးဟာ ဒစ်ဂျစ်တယ်ကွန်ရက်ထဲမှာ နေထိုင်လုပ်ကိုင်လျှက်ပြီး “ဒစ်ဂျစ်တယ် ဗဟုသုတတိုးပွားရေး” ဟာ အင်တာနက်ရဲ့စွမ်းအား နဲ့ ဒစ်ဂျစ်တယ်အကြောင်းအရာတွေကို အသုံးချနိုင်ဖို့အတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Google နဲ့ပူးပေါင်းပြီး ကလေးငယ်တွေအနေနဲ့ အင်တာနက်ကို ကျယ်ကျယ်ပျံ့ပျံ့ စနစ်တကျနဲ့ တာဝန်သိသိ အသုံးပြုနိုင်ဖို့အတွက် တိုက်တွန်းတဲ့အနေနဲ့ သူတို့ရဲ့ကျောင်းတွေမှာ ဒစ်ဂျစ်တယ် ဗဟုသုတနဲ့ ပတ်သက်ပြီး သင်ကြားပေးတာဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ သင်ကြားပေးနိုင်ခြင်းဟာဆိုရင် အနာဂတ်မှာ နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်သော ဒစ်ဂျစ်တယ် ကျင့်ဝတ်ကောင်းတွေကို လိုက်နာကျင်းသုံးကြမှာ ဖြစ်ပါတယ်။ အခု သင်တန်းတွေဟာ အူရီဒူးရဲ့ တာဝန်သိစွာနဲ့ လုပ်ဆောင်ပေးနေတဲ့ လူမှုအကျိုးပြုလုပ်ငန်းဖြစ်တဲ့ ‘ဒစ်ဂျစ်တယ်ဘဝ ပြည့်စုံဖို့ အင်တာနက်ဖြင့် လေ့လာစို့” လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်အောက်မှာ ပြုလုပ်တဲ့ ဒုတိယမြောက် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Rajeev Sethi မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ လူငယ်များအနေနှင့် ဒစ်ဂျစ်တယ်ခေတ်တွင် နေထိုင်လျက်ရှိနေပြီ ဖြစ်၍ နိုင်ငံတဝန်းမှ ကျောင်းသား၊ ကျောင်းသူများအား တာဝန်သိ ဒစ်ဂျစ်တယ်အသုံးပြုသူများ ဖြစ်လာစေရန် ဆရာ၊ ဆရာမများမှ ကူညီသင်ကြားပေးသွားရန်မှာ အလွန်အရေးပါသည်။ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှုများအရ အူရီဒူးသည် Google မှ ရေးဆွဲထားသည့် ဒစ်ဂျစ်တယ် ဗဟုသုတ တိုးပွားစေရေးနှင့် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်သည့် ဒစ်ဂျစ်တယ်ကျင့်ဝတ် သင်တန်းများအား နိုင်ငံတဝန်းရှိ ပညာရေးကောလိပ် ၂၅ ခုနှင့် ဆရာအတတ်သင်ကျောင်း ၂၅ ကျောင်းတို့တွင် သင်ကြား ပို့ချပေးသွားမည် ဖြစ်သည်။ ထို့အပြင် အူရီဒူးသည် အဆိုပါ သင်တန်းများအား ပို့ချသင်ကြားသွားမည့် ကောလိပ်များနှင့် ကျောင်းများအတွက် အင်တာနက်ချိတ်ဆက်မှုနှင့် လက်ပ်တော့ စုစုပေါင်း အလုံး ၃၀၀ ကိုလည်း ကူညီ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

“မျိုးဆက်သစ်လူငယ်တွေ အနေနဲ့ အင်တာနက်ကို ၂၄ နာရီ ၇ ရက်ပတ်လုံး အချိန်မရွေး အသုံးပြုလာနိုင်တဲ့ ဒီနေ့ခေတ်မှာ ဒစ်ဂျစ်တယ် ပိုင်းဆိုင်ရာ ဗဟုသုတတွေ ပိုမိုတိုးပွားလာရေးဟာ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအတွက် အရေးအပါဆုံး အချက်တစ်ချက် ဖြစ်လာပါတယ်။ လူငယ်တွေကို လက်တွေ့ဘဝမှာသာမက အွန်လိုင်းပေါ်မှာပါ ကိုယ်ချင်းစာစိတ်နဲ့ တာဝန်ယူလိုစိတ်ရှိပြီး တစ်ဦးနဲ့တစ်ဦး အချင်းချင်းစာနာနားလည်စိတ်နဲ့ ကူညီနေထိုင်တတ်အောင် သင်ကြားပေးဖို့က အလွန်အရေးကြီးလာပါတယ်။ အခု သင်တန်းအစီအစဉ်ဟာ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လုံခြုံရေး၊ နောက်ပြီး အပြန်အလှန်လေးစားမှုနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့စကားဝိုင်းတွေကို မိမိတို့ရဲ့ အိမ်မှာရော၊ ကျောင်းမှာပါမက အခြားနေရာတွေမှာပါ ပြန်လည်ပြောဆို ဆွေးနွေးဝေမျှ ပေးသွားနိုင်ဖို့ ဦးဆောင်လမ်းညွှန် ပေးသွားနိုင်မယ် လို့ ကျွန်မတို့အနေနဲ့မျှော်လင့်ပါတယ်။” ဟု Google ၏ Head of Industry for Technology and Telco ဖြစ်သူ Su Ann Lim က ပြောကြားလိုက်ပါသည်။

ယခုအစီအစဉ်သည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အထောက်အကူ ဖြစ်စေရန်၊ နိုင်ငံတဝန်းမှ လူငယ်များ၏ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ ပိုမိုမြင့်မား လာစေရန်နှင့် အင်တာနက်အသုံးပြုရာတွင် တာဝန်ယူမှုရှိရှိဖြင့် အသုံးပြုတတ်စေရန် အကူအညီ ဖြစ်စေမည်ဟု အူရီဒူးနှင့် Google တို့မှ မျှော်လင့်ထားသည်။

[Zawgyi]

အူရီဒူးျမန္မာ ႏွင့္ Google တို႔မွ ပညာေရးဝန္ႀကီးဌာနႏွင့္ ပူးေပါင္း၍ ႏိုင္ငံတဝန္း ဒစ္ဂ်စ္တယ္ ဗဟုသုတ တိုးပြားေစေရးႏွင့္ ႏိုင္ငံသားတိုင္း လိုက္နာက်င့္သုံးသင့္ေသာ ဒစ္ဂ်စ္တယ္က်င့္ဝတ္သင္တန္း အစီအစဥ္မ်ားအား ျမန္မာႏိုင္ငံတဝန္းတြင္ ျပဳလုပ္သြားမည္

အစီအစဥ္၏ ပထမအဆင့္တြင္ ပညာေရးေကာလိပ္ ၂၅ ခုႏွင့္ ဆရာအတတ္သင္ ေက်ာင္း ၂၅ ေက်ာင္း ပါဝင္မည္ ျဖစ္သည္။ ျမန္မာႏိုင္ငံတဝန္းရွိ ဆရာ၊ ဆရာမဦးေရေပါင္း ၃၀၀ ခန႔္အား သင္တန္းပို႔ခ်ေပးသြားႏိုင္ရန္ ရည္႐ြယ္ထားသည္။

အူရီဒူးျမန္မာႏွင့္ Google တို႔ပူးေပါင္း၍ ပညာေရးဝန္ႀကီးဌာန၏ ပံ့ပိုးကူညီမႈျဖင့္ ျပဳလုပ္သြားမည့္ ဒစ္ဂ်စ္တယ္ ဗဟုသုတ တိုးပြားေစေရးႏွင့္ ႏိုင္ငံသားတိုင္း လိုက္နာက်င့္သုံးသင့္ေသာ ဒစ္ဂ်စ္တယ္ က်င့္ဝတ္ သင္တန္း အစီအစဥ္အား ႏိုင္ငံတဝန္းတြင္ယေန႔ စတင္ခဲ့ပါသည္။ ဤ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ အစီအစဥ္ (Private-Public initiative) မွတဆင့္ ျမန္မာႏိုင္ငံ တဝန္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ အေရးပါေသာ ကြၽမ္းက်င္မႈနယ္ပယ္ ၂ ခုတြင္ ပိုမိုတိုးတက္ ေကာင္းမြန္လာေစရန္ ရည္႐ြယ္လုပ္ေဆာင္သြားမည္ ျဖစ္သည္။

နည္းပညာသည္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၏ ဘဝ ပိုမိုတိုးတက္လာေစရန္ ကူညီေဆာင္႐ြက္ေပးသြားႏိုင္မည္ ျဖစ္ၿပီး ဒစ္ဂ်စ္တယ္ပိုင္းဆိုင္ရာ ဗဟုသုတမ်ားႏွင့္ ႏိုင္ငံသားတိုင္း လိုက္နာက်င့္သုံးသင့္ေသာ ဒစ္ဂ်စ္တယ္ က်င့္ဝတ္မ်ားအား သင္ၾကားေလ့လာရျခင္း မွတဆင့္ အင္တာနက္အား လူတိုင္းအတြက္ ပိုမိုေကာင္းမြန္သည့္ ေနရာတစ္ခု ျဖစ္လာေစရန္ ကူညီသြားႏိုင္မည္ဟု Google မွ ယုံၾကည္ထားသည္။ အလားတူပင္ အူရီဒူး အေနႏွင့္လည္း ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၏ ကြၽမ္းက်င္မႈမ်ားအား ပိုမိုျမင့္မားေကာင္းမြန္ လာေစရန္ ႏွင့္ အဆိုပါ ကြၽမ္းက်င္မႈမ်ားအား တာဝန္သိစြာ အသုံးျပဳတတ္ေစရန္ ပံ့ပိုးကူညီေပးသြားရန္ ရည္႐ြယ္လုပ္ေဆာင္လ်က္ရွိသည္။ သို႔ျဖစ္၍ အဆိုပါ အဖြဲ႕အစည္း ၂ ခုလုံးသည္ ပညာေရးဝန္ႀကီးဌာန၏ ပံ့ပိုးကူညီမႈျဖင့္ ျမန္မာႏိုင္ငံတဝန္းတြင္ သင္တန္းမ်ားအား ပို႔ခ်သြားေပးသြားရန္ ယခုကဲ့သို႔ လက္တြဲ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။

“အူရီဒူးဟာ ျမန္မာႏိုင္ငံမွာ ဒစ္ဂ်စ္တယ္ ကဏၭေဖာ္ေဆာင္သူ ဦးေဆာင္လွ်က္ရွိၿပီး တစ္ခ်ိန္တည္းမွာပဲ ႏိုင္ငံရဲ႕ဒစ္ဂ်စ္တယ္ အသြင္ကူးေျပာင္းေရး လုပ္ငန္းစဥ္ကိုလည္း ကူညီပံ့ပိုးေပးေနပါတယ္။ ကြၽန္ေတာ္တို႔အားလုံးဟာ ဒစ္ဂ်စ္တယ္ကြန္ရက္ထဲမွာ ေနထိုင္လုပ္ကိုင္လွ်က္ၿပီး “ဒစ္ဂ်စ္တယ္ ဗဟုသုတတိုးပြားေရး” ဟာ အင္တာနက္ရဲ႕စြမ္းအား နဲ႔ ဒစ္ဂ်စ္တယ္အေၾကာင္းအရာေတြကို အသုံးခ်ႏိုင္ဖို႔အတြက္ အဓိကေသာ့ခ်က္ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ Google နဲ႔ပူးေပါင္းၿပီး ကေလးငယ္ေတြအေနနဲ႔ အင္တာနက္ကို က်ယ္က်ယ္ပ်ံ႕ပ်ံ႕ စနစ္တက်နဲ႔ တာဝန္သိသိ အသုံးျပဳႏိုင္ဖို႔အတြက္ တိုက္တြန္းတဲ့အေနနဲ႔ သူတို႔ရဲ႕ေက်ာင္းေတြမွာ ဒစ္ဂ်စ္တယ္ ဗဟုသုတနဲ႔ ပတ္သက္ၿပီး သင္ၾကားေပးတာျဖစ္ပါတယ္။ ငယ္႐ြယ္စဥ္မွာ သင္ၾကားေပးႏိုင္ျခင္းဟာဆိုရင္ အနာဂတ္မွာ ႏိုင္ငံသားတိုင္း လိုက္နာက်င့္သုံးသင့္ေသာ ဒစ္ဂ်စ္တယ္ က်င့္ဝတ္ေကာင္းေတြကို လိုက္နာက်င္းသုံးၾကမွာ ျဖစ္ပါတယ္။ အခု သင္တန္းေတြဟာ အူရီဒူးရဲ႕ တာဝန္သိစြာနဲ႔ လုပ္ေဆာင္ေပးေနတဲ့ လူမႈအက်ိဳးျပဳလုပ္ငန္းျဖစ္တဲ့ ‘ဒစ္ဂ်စ္တယ္ဘဝ ျပည့္စုံဖို႔ အင္တာနက္ျဖင့္ ေလ့လာစို႔” လူမႈအက်ိဳးျပဳလုပ္ငန္း အစီအစဥ္ေအာက္မွာ ျပဳလုပ္တဲ့ ဒုတိယေျမာက္ ေျခလွမ္းတစ္ရပ္ ျဖစ္ပါတယ္။” ဟု အူရီဒူးျမန္မာ၏ အမႈေဆာင္အရာရွိခ်ဳပ္ ျဖစ္သူ Mr. Rajeev Sethi မွ ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံမွ လူငယ္မ်ားအေနႏွင့္ ဒစ္ဂ်စ္တယ္ေခတ္တြင္ ေနထိုင္လ်က္ရွိေနၿပီ ျဖစ္၍ ႏိုင္ငံတဝန္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တာဝန္သိ ဒစ္ဂ်စ္တယ္အသုံးျပဳသူမ်ား ျဖစ္လာေစရန္ ဆရာ၊ ဆရာမမ်ားမွ ကူညီသင္ၾကားေပးသြားရန္မွာ အလြန္အေရးပါသည္။ ပညာေရးဝန္ႀကီးဌာနႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ားအရ အူရီဒူးသည္ Google မွ ေရးဆြဲထားသည့္ ဒစ္ဂ်စ္တယ္ ဗဟုသုတ တိုးပြားေစေရးႏွင့္ ႏိုင္ငံသားတိုင္း လိုက္နာက်င့္သုံးသင့္သည့္ ဒစ္ဂ်စ္တယ္က်င့္ဝတ္ သင္တန္းမ်ားအား ႏိုင္ငံတဝန္းရွိ ပညာေရးေကာလိပ္ ၂၅ ခုႏွင့္ ဆရာအတတ္သင္ေက်ာင္း ၂၅ ေက်ာင္းတို႔တြင္ သင္ၾကား ပို႔ခ်ေပးသြားမည္ ျဖစ္သည္။ ထို႔အျပင္ အူရီဒူးသည္ အဆိုပါ သင္တန္းမ်ားအား ပို႔ခ်သင္ၾကားသြားမည့္ ေကာလိပ္မ်ားႏွင့္ ေက်ာင္းမ်ားအတြက္ အင္တာနက္ခ်ိတ္ဆက္မႈႏွင့္ လက္ပ္ေတာ့ စုစုေပါင္း အလုံး ၃၀၀ ကိုလည္း ကူညီ ေထာက္ပံ့ေပးသြားမည္ ျဖစ္သည္။

“မ်ိဳးဆက္သစ္လူငယ္ေတြ အေနနဲ႔ အင္တာနက္ကို ၂၄ နာရီ ၇ ရက္ပတ္လုံး အခ်ိန္မေ႐ြး အသုံးျပဳလာႏိုင္တဲ့ ဒီေန႔ေခတ္မွာ ဒစ္ဂ်စ္တယ္ ပိုင္းဆိုင္ရာ ဗဟုသုတေတြ ပိုမိုတိုးပြားလာေရးဟာ လူမႈအသိုင္းအဝိုင္း တစ္ခုလုံးအတြက္ အေရးအပါဆုံး အခ်က္တစ္ခ်က္ ျဖစ္လာပါတယ္။ လူငယ္ေတြကို လက္ေတြ႕ဘဝမွာသာမက အြန္လိုင္းေပၚမွာပါ ကိုယ္ခ်င္းစာစိတ္နဲ႔ တာဝန္ယူလိုစိတ္ရွိၿပီး တစ္ဦးနဲ႔တစ္ဦး အခ်င္းခ်င္းစာနာနားလည္စိတ္နဲ႔ ကူညီေနထိုင္တတ္ေအာင္ သင္ၾကားေပးဖို႔က အလြန္အေရးႀကီးလာပါတယ္။ အခု သင္တန္းအစီအစဥ္ဟာ ဒစ္ဂ်စ္တယ္ပိုင္းဆိုင္ရာ လုံၿခဳံေရး၊ ေနာက္ၿပီး အျပန္အလွန္ေလးစားမႈနဲ႔ ပတ္သက္တဲ့ အဓိပၸာယ္ျပည့္ဝတဲ့စကားဝိုင္းေတြကို မိမိတို႔ရဲ႕ အိမ္မွာေရာ၊ ေက်ာင္းမွာပါမက အျခားေနရာေတြမွာပါ ျပန္လည္ေျပာဆို ေဆြးေႏြးေဝမွ် ေပးသြားႏိုင္ဖို႔ ဦးေဆာင္လမ္းၫႊန္ ေပးသြားႏိုင္မယ္ လို႔ ကြၽန္မတို႔အေနနဲ႔ေမွ်ာ္လင့္ပါတယ္။” ဟု Google ၏ Head of Industry for Technology and Telco ျဖစ္သူ Su Ann Lim က ေျပာၾကားလိုက္ပါသည္။

ယခုအစီအစဥ္သည္ ျမန္မာႏိုင္ငံ၏ ဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းေရး လုပ္ငန္းစဥ္တြင္ အေထာက္အကူ ျဖစ္ေစရန္၊ ႏိုင္ငံတဝန္းမွ လူငယ္မ်ား၏ ဒစ္ဂ်စ္တယ္ကြၽမ္းက်င္မႈမ်ား ပိုမိုျမင့္မား လာေစရန္ႏွင့္ အင္တာနက္အသုံးျပဳရာတြင္ တာဝန္ယူမႈရွိရွိျဖင့္ အသုံးျပဳတတ္ေစရန္ အကူအညီ ျဖစ္ေစမည္ဟု အူရီဒူးႏွင့္ Google တို႔မွ ေမွ်ာ္လင့္ထားသည္။