ChatGPT ကို ဖန်တီးထားတဲ့ OpenAI က Operator ကို ကြေညာလိုက်ပါတယ်။ ဒါဟာ Agent တစ်ယောက်လို အလုပ်လုပ်ပေးမယ့် Generative AI Service ဖြစ်ပြီး သင့်ကိုယ်စား အလုပ်တွေ လုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် ဘရောက်စာကို အသုံးပြုပြီး Operator က Webpage တွေကို ကြည့်နိုင်ပါတယ်။ စာရိုက်တာ၊ Click လုပ်တာနဲ့ Scrolling လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ သင်ဘာမှ လုပ်စရာ မလိုပါဘူး။
Operator က ဘရောက်စာမှာ အလုပ်များစွာ လုပ်ပေးနိုင်ပြီး OpenAI က ဖောင်ဖြည့်တာ၊ ကုန်ပစ္စည်း မှာယူတာနဲ့ Meme တွေကိုတောင် ဖန်တီးပေးနိုင်တယ်လို့ ပြောပါတယ်။ Operator ကို CUA (Computer-Using Agent) အမည်ရ မော်ဒယ် အသစ်က မောင်းနှင်ထားတာ ဖြစ်ပါတယ်။ အဲဒါမှာ GPT-4o Vision စွမ်းရည်နဲ့ အဆင့်မြင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ CUA ကို Buttons, Menus , Texe Fields တို့လို GUIs (Graphical User Interfaces) နဲ့ အလုပ်လုပ်နိုင်အောင် လေ့ကျင့်သင်ကြားပေးထားပါတယ်။
A research preview of Operator, an agent that can use its own browser to perform tasks for you. pic.twitter.com/wkBBDIlVqj
— OpenAI (@OpenAI) January 23, 2025
Operator က အကူအညီလိုအပ်ရင် သင့်ကို ပြောမှာပါ။ Passwords နဲ့ တခြား Verification Form တွေလို အရေးကြီးတဲ့ ဒေတာတွေကို သင်ကိုယ်တိုင် ဖြည့်ရမှာ ဖြစ်ပါတယ်။
အမေရိကန်မှ ChatGPT Pro Subscriber တွေဟာ Operator ကို အရင်ဆုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ref : gsmarena