Xiaomi က အိန္ဒိယမှာ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Poco M7 လို့ နာမည်ပေးထားပြီး OS Update ၂ နှစ်နဲ့ Security Update ၄ နှစ် ရမှာပါ။ အဲဒီဖုန်းဟာ Redmi 14C ကို နာမည်ပြောင်းရောင်းချတာ ဖြစ်ပါတယ်။

Poco M7 is official with 50 MP camera, 4 years of security updates

Poco M7 မှာ Snapdragon 4 Gen 2 Chipset ပါလာပြီး 5G ဆက်သွယ်မှုကို ထောက်ပံ့ပါတယ်။ 6.99” LCD HD+ Display သုံးထားပြီး 120Hz Refresh Rate အထိ ထောက်ပံ့ထားပါတယ်။ Xiaomi က Blue Light ကို ကာကွယ်ဖို့ TUV Rheinland စံနှုန်း ပါတယ်လို့ ပြောပါတယ်။

Poco M7 is official with 50 MP camera, 4 years of security updates

အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ Island ကို သုံးထားပေမယ့် ကင်မရာ ၂ လုံးပဲ ပါပါတယ်။ 50MP Main ကင်မရာ တပ်ဆင်ထားပြီး နောက်ကင်မရာ ၁ လုံးကို မသိရသေးပါဘူး။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

Poco M7 is official with 50 MP camera, 4 years of security updates

နားကြပ်ပေါက် ၊ FM Radio ၊ ၁၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေးတဲ့ အသံ၊ ရေစက်ရေပေါက် စိုတာခံနိုင်တဲ့ စံနှုန်း ထည့်သွင်းထားပါတယ်။ 1TB microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု HyperOS သုံးထားပြီး 18W Charging ပါတဲ့ 5,160mAh Battery ပါပါတယ်။

Poco M7 5G အတွက် Black , Green နဲ့ Blue ၃ ရောင်နဲ့ လာပြီး 6/128GB ကို ၉,၉၉၉ ရူပီးနဲ့ 8/128GB ကို ၁၀,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၁၁၄ ဒေါ်လာနဲ့ ၁၂၅ ဒေါ်လာ အသီးသီး ကျသင့်ပါတယ်။

Ref : gsmarena