Redmi က တရုတ်မှာ ပြီးခဲ့တဲ့လက Dimensity 8400-Ultra ပါတဲ့ Redmi Turbo 4 ကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက ပိုကြီးတဲ့ Battery နဲ့ Snapdragon Chip ပါတဲ့ Turbo 4 Pro ကို ဖန်တီးနေပါတယ်။ မကြာခင်က နာမည်ကြီး Tipster Digital Chat Station က Turbo 4 Pro ရဲ့ အဓိက Specs တွေကို မျှဝေလိုက်ပါတယ်။

သူက အဲဒီဖုန်းမှာ Qualcomm ကွာတား ၂ မှာ ကြေညာမယ့် Snapdragon 8s Elite ပါလာမှာ ဖြစ်ပြီး စွမ်းဆောင်ရည်က Snapdragon 8 Gen 2 နဲ့ Gen 3 အကြားမှာ ရှိပါတယ်။ အတိုးတက်ဆုံးက 7,410mAh Battery ( တကယ်က 7,500mAh) တပ်ဆင်ထားမှာ ဖြစ်ပြီး Redmi ရဲ့ စွမ်းရည်သင့် ဖုန်းတွေထဲမှာ အကြီးမားဆုံး ဖြစ်လာမှာပါ။ အဲဒီဖုန်းမှာ 90W Fast Charging ပါလာနိုင်ပါတယ်။

Redmi Turbo 4 official with Dimensity 8400, 6550 mAh battery — is this Poco X7 Pro? - Technology News | The Financial Express

တခြား သတင်းအရ Redmi Turbo 4 Pro မှာ 6.67” 1.5K OLED Display တပ်ဆင်ထားမှာ ဖြစ်ပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားမှာ ဖြစ်ပါတယ်။ ကင်မရာ အကြောင်းပြောရရင် OIS ပါတဲ့ 50MP Main , 8MP Ultrawide ပါလာနိုင်ပါတယ်။ IP68 စံနှုန်း ထည့်သွင်းထားနိုင်ပါတယ်။

Xiaomi အောက်က Poco ဟာ ဒီနှစ် ကွာတား ၂ မှာ နိုင်ငံတကာမှာ Poco F7 ကို ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းဟာ Redmi Turbo 4 Pro ကို ပြင်ဆင်ထားတဲ့ မော်ဒယ် ဖြစ်နိုင်ပါတယ်။

Ref: Gizmochina